Tuesday, October 22, 2019
The Hermit or Diogenes
ပုဏ္ဏားဘကွန်းကဒ်ဖြစ်တဲ့ Hermit ကဒ်ကို Diogenes အသွင်သဏ္ဍာန်ယူပြီးဟောမယ် ဆိုပါစို့ Diogenes ဟာ နေ့ဘက်မှာတောင် မီးအိမ်တလုံးနဲ့ ရိုးသားတဲ့သူကို ရှာနေတယ်. ရိုးသားသူဟာ ရိုးသားသူကိုပဲရှာပါတယ် ဒိုင်အိုဂျီးနိစ်ဟာ ရိုးသားသူပေါ့
ဒါဆို ဒီကဒ်ကျတဲ့သူရဲ့ စိတ်နေသဘောထားဟာ အတွင်းစိတ်မှာ ပကတိရိုးသားသူလို့ဟောပါမယ်
ဒိုင်အိုဂျီးနိစ်ဟာ သူမြေပေါ် သင်္ချာနဲ့ဆိုင်တဲ့ဘာသာရပ်တွေ ရေးဆွဲနေစဉ် ဗိုလ်ချုပ်ဟာ သူ့အနားရောက်လာပြီး သင်ဘာလိုချင်သလဲမေးတဲ့အခါ အရိပ်ကျနေတဲ့အတွက်ဖယ်ပေးဖို့တောင်းဆိုခဲ့တယ် ဆိုလိုတာက အရိပ်မကျတာကို လိုချင်တယ်ပေါ့ ဒါကြောင့် ဒီကဒ်ပြားပိုင်ရှင်ဟာ သူလုပ်နေတဲ့အလုပ်အပေါ် အာရုံထားတယ် ဘေးက လွှမ်းမိုးတာကို မကြိုက်ဘူး ငွေရှိရှိမရှိရှိ ဂုဏ်ကြီးသူဖြစ်ဖြစ် မကြီးသူဖြစ်ဖြစ် ဘယ်သူ့မှလည်း ဂရုမစိုက်ဘူး သူများကိုလည်း ဒုက္ခမပေးတတ်သလို ကိုယ့်ကို ဒုက္ခလာပေးရင်လည်း မကြိုက်ဘူး ဒါပေမယ့် အေးဆေးစွာတုန့်ပြန်တတ်သူ စိတ်အလိုဆန္ဒကို ထိန်းချုပ်နိုင်သူ ဖြစ်တယ်
နောက်ပြီး သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်လုပ်ရပ်တွေကြောင့် သူများအကြိုက်ဖြစ်ချင်မှဖြစ်မယ် ဒါကြောင့် အစေးမကပ်တာမျိုးတွေဖြစ်တတ်ပါတယ်။ သူတပါးနဲ့မတူတဲ့ အတွေးအခေါ်လုပ်ရပ်တွေကြောင့် ဒိုင်အိုဂျီးနိစ်ဟာ အရူးလို့သမုတ်ခံခဲ့ရတယ်။ သူဟာ အဖွဲ့လိုက်လုပ်ဆောင်ရတာကို မနှစ်သက် တစ်ယောက်တည်းဇွဲ ရှိရှိလုပ်ကိုင်တတ်သူ မီးအိမ်တလုံးနဲ့ အမြဲ ရှာဖွေနေတဲ့ Seeker တစ်ဦးပေါ့။မီးအိမ်ထွန်းထားခြင်းဟာ သူသွားမယ့် လမ်းအတွက် ဆူးငြောင့် ခလုတ်တွေကို ကျော်လွှားနိုင်အောင် ဖြစ်တဲ့အတွက် ကဒ်ပြားကျသူမှာ ကိုယ်ကျိုးအတွက် အရာရာ ကြိုတင်ပြင်ဆင်တတ်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။
မွေးရက် မွေးလ မွေးနှစ် အကုန်လုံး ကို တလုံးထဲရအောင်ပေါင်းပြီး ၉ ဂဏန်းကျခဲ့ရင်တော့ ဒီယူဆချက်များနဲ့ တိုက်ဆိုင်မှုရှိမရှိကို ချိန်ကြည့်ပါ။
#သိန်းထိုက်စံ
ပုဏၰားဘကြန္းကဒ္ျဖစ္တဲ့ Hermit ကဒ္ကို Diogenes အသြင္သ႑ာန္ယူၿပီးေဟာမယ္ ဆိုပါစို႔ Diogenes ဟာ ေန႕ဘက္မွာေတာင္ မီးအိမ္တလုံးနဲ႕ ရိုးသားတဲ့သူကို ရွာေနတယ္. ရိုးသားသူဟာ ရိုးသားသူကိုပဲရွာပါတယ္ ဒိုင္အိုဂ်ီးနိစ္ဟာ ရိုးသားသူေပါ့
ဒါဆို ဒီကဒ္က်တဲ့သူရဲ႕ စိတ္ေနသေဘာထားဟာ အတြင္းစိတ္မွာ ပကတိရိုးသားသူလို႔ေဟာပါမယ္
ဒိုင္အိုဂ်ီးနိစ္ဟာ သူေျမေပၚ သခၤ်ာနဲ႕ဆိုင္တဲ့ဘာသာရပ္ေတြ ေရးဆြဲေနစဥ္ ဗိုလ္ခ်ဳပ္ဟာ သူ႕အနားေရာက္လာၿပီး သင္ဘာလိုခ်င္သလဲေမးတဲ့အခါ အရိပ္က်ေနတဲ့အတြက္ဖယ္ေပးဖို႔ေတာင္းဆိုခဲ့တယ္ ဆိုလိုတာက အရိပ္မက်တာကို လိုခ်င္တယ္ေပါ့ ဒါေၾကာင့္ ဒီကဒ္ျပားပိုင္ရွင္ဟာ သူလုပ္ေနတဲ့အလုပ္အေပၚ အာ႐ုံထားတယ္ ေဘးက လႊမ္းမိုးတာကို မႀကိဳက္ဘူး ေငြရွိရွိမရွိရွိ ဂုဏ္ႀကီးသူျဖစ္ျဖစ္ မႀကီးသူျဖစ္ျဖစ္ ဘယ္သူ႕မွလည္း ဂ႐ုမစိုက္ဘူး သူမ်ားကိုလည္း ဒုကၡမေပးတတ္သလို ကိုယ့္ကို ဒုကၡလာေပးရင္လည္း မႀကိဳက္ဘူး ဒါေပမယ့္ ေအးေဆးစြာတုန့္ျပန္တတ္သူ စိတ္အလိုဆႏၵကို ထိန္းခ်ဳပ္နိုင္သူ ျဖစ္တယ္
ေနာက္ၿပီး သူ႕ရဲ႕ ကိုယ္ပိုင္အေတြးအေခၚ ကိုယ္ပိုင္လုပ္ရပ္ေတြေၾကာင့္ သူမ်ားအႀကိဳက္ျဖစ္ခ်င္မွျဖစ္မယ္ ဒါေၾကာင့္ အေစးမကပ္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ သူတပါးနဲ႕မတူတဲ့ အေတြးအေခၚလုပ္ရပ္ေတြေၾကာင့္ ဒိုင္အိုဂ်ီးနိစ္ဟာ အ႐ူးလို႔သမုတ္ခံခဲ့ရတယ္။ သူဟာ အဖြဲ႕လိုက္လုပ္ေဆာင္ရတာကို မႏွစ္သက္ တစ္ေယာက္တည္းဇြဲ ရွိရွိလုပ္ကိုင္တတ္သူ မီးအိမ္တလုံးနဲ႕ အၿမဲ ရွာေဖြေနတဲ့ Seeker တစ္ဦးေပါ့။မီးအိမ္ထြန္းထားျခင္းဟာ သူသြားမယ့္ လမ္းအတြက္ ဆူးေျငာင့္ ခလုတ္ေတြကို ေက်ာ္လႊားနိုင္ေအာင္ ျဖစ္တဲ့အတြက္ ကဒ္ျပားက်သဴမွာ ကိုယ္က်ိဳးအတြက္ အရာရာ ႀကိဳတင္ျပင္ဆင္တတ္ၿပီး အခက္အခဲေတြကို ေက်ာ္လႊားနိုင္ပါလိမ့္မယ္။
ေမြးရက္ ေမြးလ ေမြးႏွစ္ အကုန္လုံး ကို တလုံးထဲရေအာင္ေပါင္းၿပီး ၉ ဂဏန္းက်ခဲ့ရင္ေတာ့ ဒီယူဆခ်က္မ်ားနဲ႕ တိုက္ဆိုင္မႈရွိမရွိကို ခ်ိန္ၾကည့္ပါ။
#သိန္းထိုက္စံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment