Monday, October 28, 2019

ပိတ်သိမ်းသွားစေ/ပျက်ပြားစေ

ပိတ်သိမ်းသွားစေ/ပျက်ပြားစေ

ကိုယ်က အိမ်ငှားနေရသည် ဖြစ်စေ ဆိုင်ငှားဖွင့်ရသည်ဖြစ်စေ မိမိသည် အိမ်/ ဆိုင်တို့ကို ဆက်ငှားချင်သော်လည်း  အိမ်ရှင် ဆိုင်ရှင်က နောက်လူငှားလိုသည်  မထားလို ဟုဆိုပါက ထိုအိမ်ရှင် ဆိုင်ရှင်ရဲ့ အကြံအစည်များ ပိတ်သိမ်းသွားအောင် ပျက်ပြားသွားအောင် အောက်ပါအစီအရင် လုပ်ရပေမည်။

  လိုအပ်သော ပစ္စည်းများ -မြေအိုး  ပိန်းကြာရွက် ဆော့ပင်/မာကာ  ပိတ်စဖြူ  သရေကွင်း/သို့မဟုတ် ကြိုးတစ်ချောင်း ဖယောင်းတိုင်

 ပြုလုပ်ရန် - ပိန်းကြာရွက်တရွက်ရဲ့ မျက်နှာပြင်ပေါ်တွင် ဆော့ပင်(မာကာဖြင့်) အိမ်ရှင် ဆိုင်ရှင်၍ နာမည်နဲ့ ဤ နေအိမ်မှ/ဤ ဆိုင်မှ ဖယ်ရှားခိုင်းခြင်း အစီအစဉ်ပျက်ပြားပါစေ ပိတ်သိမ်းသွားစေလို့ရေးပါ။ ပြီးရင် ပိန်းကြာရွက်ကို မြေအိုးအတွင်းထည့်ပါ။ အိုးနှုတ်ခမ်းအဝကို ပိတ်ဖြူ နဲ့အုပ်ပြီး အိုးလည်ပင်းမှာပိတ်ဖြူစကို သရေကွင်း သို့ ကြိုးတစ်ချောင်းဖြင့် တင်းတင်းစည်းနှောင်ထားပါ ပြီးရင် အိုးကို မှောက်ထားပြီး အိုးဖင်ပေါ် ဖယောင်းတိုင် ထွန်းပေးရပါမယ်  တနေ့တတိုင် ၉ရက်ထွန်းပါ။

မှတ်ချက် - လုပ်တိုင်းမဖြစ်ပါ သက်ရောက်ဇာတာတွင် အိမ်/ဆိုင်ပြောင်းရခြင်း အားကောင်းပါသော်  မအောင်မြင်နိုင်ပါ။

သိန်းထိုက်စံ(ဂမ္ဘီရလောကီပညာ)

ပိတ္သိမ္းသြားေစ/ပ်က္ျပားေစ

ကိုယ္က အိမ္ငွားေနရသည္ ျဖစ္ေစ ဆိုင္ငွားဖြင့္ရသည္ျဖစ္ေစ မိမိသည္ အိမ္/ ဆိုင္တို႔ကို ဆက္ငွားခ်င္ေသာ္လည္း  အိမ္ရွင္ ဆိုင္ရွင္က ေနာက္လူငွားလိုသည္  မထားလို ဟုဆိုပါက ထိုအိမ္ရွင္ ဆိုင္ရွင္ရဲ႕ အႀကံအစည္မ်ား ပိတ္သိမ္းသြားေအာင္ ပ်က္ျပားသြားေအာင္ ေအာက္ပါအစီအရင္ လုပ္ရေပမည္။

  လိုအပ္ေသာ ပစၥည္းမ်ား -ေျမအိုး  ပိန္းၾကာ႐ြက္ ေဆာ့ပင္/မာကာ  ပိတ္စျဖဴ  သေရကြင္း/သို႔မဟုတ္ ႀကိဳးတစ္ေခ်ာင္း ဖေယာင္းတိုင္

 ျပဳလုပ္ရန္ - ပိန္းၾကာ႐ြက္တ႐ြက္ရဲ႕ မ်က္ႏွာျပင္ေပၚတြင္ ေဆာ့ပင္(မာကာျဖင့္) အိမ္ရွင္ ဆိုင္ရွင္၍ နာမည္နဲ႕ ဤ ေနအိမ္မွ/ဤ ဆိုင္မွ ဖယ္ရွားခိုင္းျခင္း အစီအစဥ္ပ်က္ျပားပါေစ ပိတ္သိမ္းသြားေစလို႔ေရးပါ။ ၿပီးရင္ ပိန္းၾကာ႐ြက္ကို ေျမအိုးအတြင္းထည့္ပါ။ အိုးႏႈတ္ခမ္းအဝကို ပိတ္ျဖဴ နဲ႕အုပ္ၿပီး အိုးလည္ပင္းမွာပိတ္ျဖဴစကို သေရကြင္း သို႔ ႀကိဳးတစ္ေခ်ာင္းျဖင့္ တင္းတင္းစည္းေႏွာင္ထားပါ ၿပီးရင္ အိုးကို ေမွာက္ထားၿပီး အိုးဖင္ေပၚ ဖေယာင္းတိုင္ ထြန္းေပးရပါမယ္  တေန႕တတိုင္ ၉ရက္ထြန္းပါ။

မွတ္ခ်က္ - လုပ္တိုင္းမျဖစ္ပါ သက္ေရာက္ဇာတာတြင္ အိမ္/ဆိုင္ေျပာင္းရျခင္း အားေကာင္းပါေသာ္  မေအာင္ျမင္နိုင္ပါ။

သိန္းထိုက္စံ(ဂမၻီရေလာကီပညာ)


No comments:

Post a Comment