တားရော့နဲ့ အချစ်ရေး/အိမ်ထောင်ရေးယတြာ
ဒီ နေ့လည် ခဏလေးအိပ်ပျော်သွားတာ The Lover ကဒ်ကို ထင်ထင်ရှားရှား တွေ့လိုက်ရတယ်။
အရင်က ကျွန်တော် အချစ်ရေး အိမ်ထောင်ရေး အစီအရင်တွေမှာ ထည့်သုံးတဲ့ လက်တွေ့နည်းလမ်းများထဲမှာ တစ်ခုကိုဖော်ပြပေးဖို့ ဆန္ဒရှိလာတဲ့အတွက် postတင်ပေးလိုက်ပါတယ်
အောက်ပုံ The Lover ကဒ်ပုံကို ဓာတ်ပုံသားနဲ့ ဓာတ်ပုံဆိုဒ် (၄"၆")ဆိုဒ် ထုတ်ပါ။သောကြာနေ့မှာထုတ်ပါ သို့မဟုတ် သောကြာနေ့မှာ အစီအရင်စလုပ်ရပါမယ်။
မိမိနဲ့ မိမိချစ်သူ / အိမ်ထောင်ဘက် လိုင်စင်ပုံအသေးကို အောက်ပါပုံထဲက ယောက်ျား နေရာမှာ ယောကျ်ား ပုံကပ် မိန်းမနေရာမှာ မိန်းမ ပုံကပ်ပါ ပြုလုပ်သူဟာ မိန်းကလေး ဆိုရင် မိန်းမ နေရာမှာ ကိုယ့်ပုံ အရင်ကပ်ရပါမယ် ဆိုလိုတာက ပြုလုပ်သူရဲ့ဓာတ်ပုံအရင်ကပ်ပါ။
ဓာတ်ပုံတွေ ထုတ်ဖို့ မလွယ်ရင်တော့ နာမည်သာရေးပါ။
သံလိုက်တုံး တစ်တုံးကို သူတို့လက်ဆုံတဲ့နေရာမှာ တင်ပြီး ဖယောင်းတိုင်အနီ တနေ့တတိုင် ၆ ရက် ထွန်းပေးရပါမယ်။ စက္ကန့်၆၀ ခန့်လိုသောဆန္ဒကို တဖွဖွပြောနေရပါမယ်။
မီးထွန်းပြီးရင် နှင်းဆီပန်း အနီ ၂ပွင့်ရဲ့ ပွင့်ဖတ်များနဲ့အတူ သင့်တော်မယ့် အိတ်တလုံးထဲထည့်ပြီး ခေါင်းဦးအောက်ထားအိပ်ပါ။ ရေမွှေး သို့မဟုတ် အမွှေးဆီ တစ်ခုခုဆွတ်ပြီး သွားလေရာဆောင်သွားနိုင်ပါတယ်။
အစီအရင်တစ်ခုစွမ်းမစွမ်းဆိုတာ လက်တွေ့လုပ်ကိုင်မှ သိမှာပါ။ ခက်ခဲပင်ပန်းစွာ လုပ်မှ ရတယ်မထင်ပါနဲ့ အရေးကြီးတာက မိမိဘယ်လောက် ဆန္ဒရှိတယ် ဘယ်လောက်ယုံကြည်မှုရှိတယ်ဆိုတာသာ အဓိကပါ။
စေတနာများစွာဖြင့်.....
#သိန်းထိုက်စံ
0979086 3376
096940 83814
တားေရာ့နဲ႕ အခ်စ္ေရး/အိမ္ေထာင္ေရးယၾတာ
ဒီ ေန႕လည္ ခဏေလးအိပ္ေပ်ာ္သြားတာ The Lover ကဒ္ကို ထင္ထင္ရွားရွား ေတြ႕လိုက္ရတယ္။
အရင္က ကြၽန္ေတာ္ အခ်စ္ေရး အိမ္ေထာင္ေရး အစီအရင္ေတြမွာ ထည့္သုံးတဲ့ လက္ေတြ႕နည္းလမ္းမ်ားထဲမွာ တစ္ခုကိုေဖာ္ျပေပးဖို႔ ဆႏၵရွိလာတဲ့အတြက္ postတင္ေပးလိုက္ပါတယ္
ေအာက္ပုံ The Lover ကဒ္ပုံကို ဓာတ္ပုံသားနဲ႕ ဓာတ္ပုံဆိုဒ္ (၄"၆")ဆိုဒ္ ထုတ္ပါ။ေသာၾကာေန႕မွာထုတ္ပါ သို႔မဟုတ္ ေသာၾကာေန႕မွာ အစီအရင္စလုပ္ရပါမယ္။
မိမိနဲ႕ မိမိခ်စ္သူ / အိမ္ေထာင္ဘက္ လိုင္စင္ပုံအေသးကို ေအာက္ပါပုံထဲက ေယာက္်ား ေနရာမွာ ေယာက်္ား ပုံကပ္ မိန္းမေနရာမွာ မိန္းမ ပုံကပ္ပါ ျပဳလုပ္သူဟာ မိန္းကေလး ဆိုရင္ မိန္းမ ေနရာမွာ ကိုယ့္ပုံ အရင္ကပ္ရပါမယ္ ဆိုလိုတာက ျပဳလုပ္သူရဲ႕ဓာတ္ပုံအရင္ကပ္ပါ။
ဓာတ္ပုံေတြ ထုတ္ဖို႔ မလြယ္ရင္ေတာ့ နာမည္သာေရးပါ။
သံလိုက္တုံး တစ္တုံးကို သူတို႔လက္ဆုံတဲ့ေနရာမွာ တင္ၿပီး ဖေယာင္းတိုင္အနီ တေန႕တတိုင္ ၆ ရက္ ထြန္းေပးရပါမယ္။ စကၠန႔္၆၀ ခန႔္လိုေသာဆႏၵကို တဖြဖြေျပာေနရပါမယ္။
မီးထြန္းၿပီးရင္ ႏွင္းဆီပန္း အနီ ၂ပြင့္ရဲ႕ ပြင့္ဖတ္မ်ားနဲ႕အတူ သင့္ေတာ္မယ့္ အိတ္တလုံးထဲထည့္ၿပီး ေခါင္းဦးေအာက္ထားအိပ္ပါ။ ေရေမႊး သို႔မဟုတ္ အေမႊးဆီ တစ္ခုခုဆြတ္ၿပီး သြားေလရာေဆာင္သြားနိုင္ပါတယ္။
အစီအရင္တစ္ခုစြမ္းမစြမ္းဆိုတာ လက္ေတြ႕လုပ္ကိုင္မွ သိမွာပါ။ ခက္ခဲပင္ပန္းစြာ လုပ္မွ ရတယ္မထင္ပါနဲ႕ အေရးႀကီးတာက မိမိဘယ္ေလာက္ ဆႏၵရွိတယ္ ဘယ္ေလာက္ယုံၾကည္မႈရွိတယ္ဆိုတာသာ အဓိကပါ။
ေစတနာမ်ားစြာျဖင့္.....
#သိန္းထိုက္စံ
0979086 3376
096940 83814
No comments:
Post a Comment