Tuesday, October 22, 2019

တားရော့ပညာနဲ့ကိုယ်တွေ့ဖြစ်ရပ်များ (၁)




တားရော့ပညာနဲ့ကိုယ်တွေ့ဖြစ်ရပ်များ (၁)

တားရော့အကြောင်းကတော့ ပြောမကုန်ရေးမကုန်ပါပဲ အဲ့ဒီထဲကမှ ကိုယ်တွေ့အဖြစ်အပျက် တခုကို ပြောပြချင်သေးတယ်ဗျ

  ဇာတ်လမ်းကတော့ အိမ်ပြောင်းတာကနေ စရမှာပဲ
အရင်က ယုဇနဥယျာဉ်မြို့တော် C 10 လမ်းမှာ ၃နှစ်နေခဲ့တယ် တရက်မှာ အိမ်ပြောင်းဖို့အတွက် အိမ်ရှင်ကပြောတော့ မိုးတွင်းကာလကြီး အိမ်ရှာရပါတော့တယ်။ အသိမိတ်ဆွေတွေရဲ့ အဆက်အသွယ်နဲ့ တခြားမြို့နယ်တွေကို ပြောင်းဖို့လည်း စုံစမ်းခဲ့ကြတယ် အဆင်မပြေခဲ့ပါဘူး။
အဲ့ဒါနဲ့ ကျွန်တော်လည်း ညဘက် ကိုယ်လက်သန့်စင်ပြီး တားရော့လေး ကိုင်နေတဲ့အချိန် အမေက ဝင်လာတယ်။. သား.  အမေတို့ အိမ်ပြောင်းဖို့ အဆင်ပြေပါ့မလားဆိုတာ ကြည့်ပေးပါဦးတဲ့။

အမေ့ကို ၎င်းကိစ္စအာရုံပြုခိုင်းထားပြီး တားရော့ကို ချိုးစေတယ်   ကျလာတဲ့ ကဒ်က နံပါတ် ၁၄ ချိုးခြံခြင်းကဒ်ပြား (ရေခွက် ၂ခွက်ကဒ်ကို)ကျတယ်

 အမေ ကျွန်တော်တို့ဟာ ယုဇနအတွင်းမှာပဲပြောင်းရမယ် တခြားမြို့နယ်ကို မပြောင်းရဘူး ဘာလို့လဲဆိုတော့ ရေခွက်ထဲက ရေတွေပဲပြောင်းလဲနေတာ အတွင်းပိုင်းပြောင်းလဲမှုကို ကိုယ်စားပြုတယ်။
ပြဿနာရှိတာကတော့ ရေပြဿနာပဲ. ဒါလည်း မဆန်းပါဘူး ဒီမှာ ရေရှားတာပဲ  ပြောင်းမယ့်နေရာမှာ ရေသိပ်မရနိုင်ဘူးလို့ ထင်တယ်။ခြိုးခြံခြင်းကဒ်ဆိုတော့  ရေတော့ချွေတာသုံးရတော့မယ်ပေါ့...

ဆိုပြီးကျွန်တော်တို့ နိမိတ်ဖတ်ခဲ့ကြတယ်။

နောက်တော့  C ၁၄ လမ်းမှာ ကျွန်တော်တို့ အိမ်ရတယ်။ ကဒ်နံပါတ်ကလည်း ၁၄ကျခဲ့တာ တခုတော့လာတိုက်ဆိုင်ပြီ။  မိုးတွင်းကာလဆိုတော့ အိမ်သုံးရေတော့ အလျှံပယ်ပဲ ရေပြဿနာ နိမိတ်တော့ လွဲပြီထင်တာ ဘယ်ဟုတ်မလဲဗျ. ရေကြီးလာပါရော တအိမ်လုံးရေဝင်တာ ခြေမျက်စိတွေပါမြုပ်တယ် အဲ့ဒီတော့မှာ ကဒ်ကိုသေချာကြည့်မိတာ ပုံထဲကလူပျံဟာ ခြေတဖက် ရေမြပ်နေတာကို။
တားရော့ နဲ့ပတ်သက်ပြီး ဟောမယ်ဆိုရင် အရင်ဆုံး အပြင်ပိုင်းမှာ ကိုယ်သိထားတာတွေ  ခဏမေ့ထားရမယ်ဆိုတဲ့ အတွေးမျိုးဝင်လာတယ် ကဒ်နိမိတ်အတိုင်း ဟောမှမှန်ပေလိမ့်မယ်။
ဒါကျွန်တော့်ရဲ့ ၁၄ကဒ်နဲ့ပတ်သက်ပြီး ကိုယ်တွေ့မှတ်တမ်း ထဲက တခုပါ။ ဒီ၁၄ကဒ်ဟာ ကျွန်တော့်အတွက်အများကြီး နိမိတ်ဖတ်ခဲ့ပါသေးတယ် အလျဉ်းသင့်သလို ပြောပြပေးသွားပါ့မယ်။

#သိန်းထိုက်စံ
တားေရာ့ပညာနဲ႕ကိုယ္ေတြ႕ျဖစ္ရပ္မ်ား (၁)

တားေရာ့အေၾကာင္းကေတာ့ ေျပာမကုန္ေရးမကုန္ပါပဲ အဲ့ဒီထဲကမွ ကိုယ္ေတြ႕အျဖစ္အပ်က္ တခုကို ေျပာျပခ်င္ေသးတယ္ဗ်

  ဇာတ္လမ္းကေတာ့ အိမ္ေျပာင္းတာကေန စရမွာပဲ
အရင္က ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ C 10 လမ္းမွာ ၃ႏွစ္ေနခဲ့တယ္ တရက္မွာ အိမ္ေျပာင္းဖို႔အတြက္ အိမ္ရွင္ကေျပာေတာ့ မိုးတြင္းကာလႀကီး အိမ္ရွာရပါေတာ့တယ္။ အသိမိတ္ေဆြေတြရဲ႕ အဆက္အသြယ္နဲ႕ တျခားၿမိဳ႕နယ္ေတြကို ေျပာင္းဖို႔လည္း စုံစမ္းခဲ့ၾကတယ္ အဆင္မေျပခဲ့ပါဘူး။
အဲ့ဒါနဲ႕ ကြၽန္ေတာ္လည္း ညဘက္ ကိုယ္လက္သန႔္စင္ၿပီး တားေရာ့ေလး ကိုင္ေနတဲ့အခ်ိန္ အေမက ဝင္လာတယ္။. သား.  အေမတို႔ အိမ္ေျပာင္းဖို႔ အဆင္ေျပပါ့မလားဆိုတာ ၾကည့္ေပးပါဦးတဲ့။

အေမ့ကို ၎ကိစၥအာ႐ုံျပဳခိုင္းထားၿပီး တားေရာ့ကို ခ်ိဳးေစတယ္   က်လာတဲ့ ကဒ္က နံပါတ္ ၁၄ ခ်ိဳးၿခံျခင္းကဒ္ျပား (ေရခြက္ ၂ခြက္ကဒ္ကို)က်တယ္

 အေမ ကြၽန္ေတာ္တို႔ဟာ ယုဇနအတြင္းမွာပဲေျပာင္းရမယ္ တျခားၿမိဳ႕နယ္ကို မေျပာင္းရဘူး ဘာလို႔လဲဆိုေတာ့ ေရခြက္ထဲက ေရေတြပဲေျပာင္းလဲေနတာ အတြင္းပိုင္းေျပာင္းလဲမႈကို ကိုယ္စားျပဳတယ္။
ျပႆနာရွိတာကေတာ့ ေရျပႆနာပဲ. ဒါလည္း မဆန္းပါဘူး ဒီမွာ ေရရွားတာပဲ  ေျပာင္းမယ့္ေနရာမွာ ေရသိပ္မရနိုင္ဘူးလို႔ ထင္တယ္။ၿခိဳးၿခံျခင္းကဒ္ဆိုေတာ့  ေရေတာ့ေခြၽတာသုံးရေတာ့မယ္ေပါ့...

ဆိုၿပီးကြၽန္ေတာ္တို႔ နိမိတ္ဖတ္ခဲ့ၾကတယ္။

ေနာက္ေတာ့  C ၁၄ လမ္းမွာ ကြၽန္ေတာ္တို႔ အိမ္ရတယ္။ ကဒ္နံပါတ္ကလည္း ၁၄က်ခဲ့တာ တခုေတာ့လာတိုက္ဆိုင္ၿပီ။  မိုးတြင္းကာလဆိုေတာ့ အိမ္သုံးေရေတာ့ အလွ်ံပယ္ပဲ ေရျပႆနာ နိမိတ္ေတာ့ လြဲၿပီထင္တာ ဘယ္ဟုတ္မလဲဗ်. ေရႀကီးလာပါေရာ တအိမ္လုံးေရဝင္တာ ေျခမ်က္စိေတြပါျမဳပ္တယ္ အဲ့ဒီေတာ့မွာ ကဒ္ကိုေသခ်ာၾကည့္မိတာ ပုံထဲကလူပ်ံဟာ ေျခတဖက္ ေရျမပ္ေနတာကို။
တားေရာ့ နဲ႕ပတ္သက္ၿပီး ေဟာမယ္ဆိုရင္ အရင္ဆုံး အျပင္ပိုင္းမွာ ကိုယ္သိထားတာေတြ  ခဏေမ့ထားရမယ္ဆိုတဲ့ အေတြးမ်ိဳးဝင္လာတယ္ ကဒ္နိမိတ္အတိုင္း ေဟာမွမွန္ေပလိမ့္မယ္။
ဒါကြၽန္ေတာ့္ရဲ႕ ၁၄ကဒ္နဲ႕ပတ္သက္ၿပီး ကိုယ္ေတြ႕မွတ္တမ္း ထဲက တခုပါ။ ဒီ၁၄ကဒ္ဟာ ကြၽန္ေတာ့္အတြက္အမ်ားႀကီး နိမိတ္ဖတ္ခဲ့ပါေသးတယ္ အလ်ဥ္းသင့္သလို ေျပာျပေပးသြားပါ့မယ္။

#သိန္းထိုက္စံ

No comments:

Post a Comment