Tuesday, October 29, 2019

ကျွန်ုပ်၏ အနာဂတ်ကာလအတွက် ဆုံးဖြတ်ချက်


အနာဂတ်ကာလအား ကြိုမသိချင်သူများကို အံ့သြတယ် 
ကိုယ်တွေဗေဒင်ပညာ သင်ယူ တတ်မြောက်ခဲ့ခြင်းဟာ ထိုကံကြမ္မာတို့ကို ကြိုသိလိုသောစိတ်ပြင်းပြမှုကြောင့် ဆိုလျှင် မမှားတန်ရာ…

ဘာလို့ ကြိုမသိချင်ရတာလဲလို့မေးလိုက် သူတို့မှာ  တစ်ခုပဲဖြေစရာရှိမယ် အဲ့ဒါက အဆိုးတွေကို ကြိုသိပြီးစိတ်ညစ်နေရမှာကို မလိုချင်ဘူး အကောင်းတွေကြိုသိနေရင် ရင်မခုန်ရတော့ဘူး ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ရှိမှာပဲ ကြွေတစ်လှည့် ကြက်တစ်ခုန်ပဲ ဆိုပြီး ဖြေလိမ့်မယ် တချို့ဆိုကံကိုပဲယုံပြီး ကံစီမံရာအတိုင်းပဲနေရတာပဲတဲ့ ဘယ်လိုတောင်တွေတွေးလိုက်လဲပဲ

 ဥပမာ- ဘဝဆိုတာ အနိမ့်အမြင့်ရှိတယ် ဒါပေမယ့် ဘယ်လိုနိမ့်မလဲ? မြင့်မလဲ?
ဘာကြောင့်နိမ့်မလဲ? မြင့်မလဲ?

ဘယ်အချိန်မှာနိမ့်မလဲ? မြင့်မလဲ?
ဘယ်အကြောင်းအရာတွေကြောင့်နိမ့်နိုင်သလဲ? မြင့်နိုင်သလဲ?

ကိုယ်အပါအဝင် လူအများက အဲ့လိုမေးခွန်းမျိုးတွေအတွက် အဖြေကိုလိုချင်ကြတယ် ဖြတ်သန်းရမယ့် ဘဝတစ်လျှောက် အကောင်းတွေလည်း လာမယ် အဆိုးတွေလည်းလာမယ် ဒါဟာပြောစရာမလိုတဲ့ကိစ္စပဲ  ကျွန်ုပ်တို့
သင်တို့က ဒါကို ကြိုသိချင်တယ်

 ကံကြမ္မာကို မယုံသူတစ်ယောက်ဟာ ထီပေါက်ရမယ့်နှစ်မှာ  မယုံတဲ့အတွက်ထီမထိုးခဲ့ဘူးဆို မပေါက်ရုံရှိမယ် (မယုံခြင်း)
  အနာဂတ်မှာ ဒါလုပ်ရင်ဆိုးကျိုးဖြစ်မယ်ဆိုတာ မသိပဲ ရမ်းလုပ်တဲ့အခါ ကောင်းတာလုပ်ပေမယ့်  ဆိုးကျိုးတွေတပုံကြီးရသူတွေရှိတယ်(မသိခြင်း)
 ဥပမာ- ပရဟိတ လုပ်မယ်ဆို ကောင်းတာလုပ်တာပဲ ဒါပေမယ့် သူ့ကံဇာတာမှာ နာမည်ပျက်ကိန်းရှိတယ်ဆိုရင် အစွပ်စွဲခံရခြင်း နာမည်ဖျက်ခံရခြင်းတို့ကြုံမယ် ဒါကို မသိပဲလုပ်မယ်ဆို ဖြစ်မှာပဲ  သိလို့မလုပ်ဘူးဆို မဖြစ်တော့ဘူးပေါ့ 
  လုပ်ငန်းရင်းနှီးမယ် ငွေသိန်းထောင်ပေါင်းများစွာရင်းရမယ့် အလုပ်  ကံဉာဏ်ဝီရိယ သုံးခုလုံးအားကောင်းမှအောင်မြင်မှာလေ အဲ့ဒီထဲက ကံကို ကျွန်ုပ်တို့သိချင်တယ်…

  ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ငါ လုပ်ရင် ငါရမှာပဲဆိုတဲ့စိတ်နဲ့ လုပ်ကြတယ်  လုပ်တိုင်းရောဖြစ်လား 
 ဆရာဖေမြင့်စာအုပ်ထဲက ဥပမာပေးထားတာလေးရှိတယ်  ငါးအလှမွေးဆိုင်တစ်ခုမှာ ငါးကန်လေးတွေရှိတယ်  ငါးထီးတစ်ကောင်ရှိတဲ့ကန်ဘေး ငါးမကန် တစ်ခုကို ကပ်လျက်လာထားတယ်    အဲ့ဒီအခါ ငါးထီးက ငါးမလေးဆီကူးခတ်ပြေးပြေးသွားတယ် အတားအဆီးရှိတာကိုမသိပဲ  သွားတိုင်းမှန်နဲ့တိုက်တိုက်မိနေပြီး  လိုရာမရောက်  မအောင်မြင်ဖြစ်ရတယ်တဲ့

  အဲ့သဘောပဲ လူတွေဟာ ကိုယ့်ရှေ့က  အတားအဆီးကို မသိပဲ ကံရှိမရှိကို မသိပဲ လိုချင်အားကြီးစွာ ပြုမူကြသည့်အခါ  စနစ်ကျမှု မရှိတဲ့အခါ လိုရင်းမရောက် လုပ်တိုင်းမဖြစ်ဘူးပေါ့ 
အဲ့ဒီလိုအတားအဆီးကို ဗေဒင်မှာဖော်နိုင်တယ် ဘယ်ဟာကြောင့် ဘယ်လိုကြောင့်  ဘာကြောင့်ဆိုတာတွေသိလာတဲ့အခါ ရှောင်သင့်တာတွေရှောင် ဆောင်သင့်တာတွေဆောင်တတ်လာတယ်   အဲ့လူနဲ့ပေါင်းလို့နာမည်ပျက်ရမယ်ဆို မပေါင်းဘူးပေါ့ ငွေကုန်ရမယ်ဆို မကုန်တော့ဘူးပေါ့   ကံကလူကို စီမံတာနည်းပါတယ် လူကသာ ကံကိုစီမံတာ များတယ်…

 လူတွေဟာကိုယ်သိပြီးသားကိစ္စအပေါ်ဆို စိတ်အားထက်သန်မှု နည်းသွားတတ်ကြတယ်
 ဘဝကို အပူအပင်းကင်းကင်းနဲ့ဖြတ်သန်းချင်တယ်ဆိုရင် အဲ့ဒီအပူအပင်တွေဟာ ဘာတွေလဲ ဆိုတာသိဖို့လိုတယ် ဒါမှ ဘယ်လိုနေထိုင်ရမလဲသိမယ်…
 ကျွန်ုပ်ကတော့  ကြိုမသိပဲ ရင်မခုန်ချင်ဘူး
 ကြိုသိရပြီး အကောင်းဆုံးနေထိုင်မယ် ရှောင်ရန်ဆောင်ရန်လိုက်နာပြီး ဘဝမှာ အမှားအနည်းဆုံးဖြစ်အောင်နေထိုင်သွားမယ်…

  #သိန်းထိုက်စံ


အနာဂတ္ကာလအား ႀကိဳမသိခ်င္သူမ်ားကို အံ့ၾသတယ္ 
ကိုယ္ေတြေဗဒင္ပညာ သင္ယူ တတ္ေျမာက္ခဲ့ျခင္းဟာ ထိုကံၾကမၼာတို႔ကို ႀကိဳသိလိုေသာစိတ္ျပင္းျပမႈေၾကာင့္ ဆိုလွ်င္ မမွားတန္ရာ…

ဘာလို႔ ႀကိဳမသိခ်င္ရတာလဲလို႔ေမးလိုက္ သူတို႔မွာ  တစ္ခုပဲေျဖစရာရွိမယ္ အဲ့ဒါက အဆိုးေတြကို ႀကိဳသိၿပီးစိတ္ညစ္ေနရမွာကို မလိုခ်င္ဘူး အေကာင္းေတြႀကိဳသိေနရင္ ရင္မခုန္ရေတာ့ဘူး ဘဝဆိုတာ နိမ့္လိုက္ျမင့္လိုက္ရွိမွာပဲ ေႂကြတစ္လွည့္ ၾကက္တစ္ခုန္ပဲ ဆိုၿပီး ေျဖလိမ့္မယ္ တခ်ိဳ႕ဆိုကံကိုပဲယုံၿပီး ကံစီမံရာအတိုင္းပဲေနရတာပဲတဲ့ ဘယ္လိုေတာင္ေတြေတြးလိုက္လဲပဲ

 ဥပမာ- ဘဝဆိုတာ အနိမ့္အျမင့္ရွိတယ္ ဒါေပမယ့္ ဘယ္လိုနိမ့္မလဲ? ျမင့္မလဲ?
ဘာေၾကာင့္နိမ့္မလဲ? ျမင့္မလဲ?

ဘယ္အခ်ိန္မွာနိမ့္မလဲ? ျမင့္မလဲ?
ဘယ္အေၾကာင္းအရာေတြေၾကာင့္နိမ့္နိုင္သလဲ? ျမင့္နိုင္သလဲ?

ကိုယ္အပါအဝင္ လူအမ်ားက အဲ့လိုေမးခြန္းမ်ိဳးေတြအတြက္ အေျဖကိုလိုခ်င္ၾကတယ္ ျဖတ္သန္းရမယ့္ ဘဝတစ္ေလွ်ာက္ အေကာင္းေတြလည္း လာမယ္ အဆိုးေတြလည္းလာမယ္ ဒါဟာေျပာစရာမလိုတဲ့ကိစၥပဲ  ကြၽန္ုပ္တို႔
သင္တို႔က ဒါကို ႀကိဳသိခ်င္တယ္

 ကံၾကမၼာကို မယုံသူတစ္ေယာက္ဟာ ထီေပါက္ရမယ့္ႏွစ္မွာ  မယုံတဲ့အတြက္ထီမထိုးခဲ့ဘူးဆို မေပါက္႐ုံရွိမယ္ (မယုံျခင္း)
  အနာဂတ္မွာ ဒါလုပ္ရင္ဆိုးက်ိဳးျဖစ္မယ္ဆိုတာ မသိပဲ ရမ္းလုပ္တဲ့အခါ ေကာင္းတာလုပ္ေပမယ့္  ဆိုးက်ိဳးေတြတပုံႀကီးရသူေတြရွိတယ္(မသိျခင္း)
 ဥပမာ- ပရဟိတ လုပ္မယ္ဆို ေကာင္းတာလုပ္တာပဲ ဒါေပမယ့္ သူ႕ကံဇာတာမွာ နာမည္ပ်က္ကိန္းရွိတယ္ဆိုရင္ အစြပ္စြဲခံရျခင္း နာမည္ဖ်က္ခံရျခင္းတို႔ႀကဳံမယ္ ဒါကို မသိပဲလုပ္မယ္ဆို ျဖစ္မွာပဲ  သိလို႔မလုပ္ဘူးဆို မျဖစ္ေတာ့ဘူးေပါ့ 
  လုပ္ငန္းရင္းႏွီးမယ္ ေငြသိန္းေထာင္ေပါင္းမ်ားစြာရင္းရမယ့္ အလုပ္  ကံဉာဏ္ဝီရိယ သုံးခုလုံးအားေကာင္းမွေအာင္ျမင္မွာေလ အဲ့ဒီထဲက ကံကို ကြၽန္ုပ္တို႔သိခ်င္တယ္…

  ကံမရွိ ဉာဏ္ရွိတိုင္းမြဲ ငါ လုပ္ရင္ ငါရမွာပဲဆိုတဲ့စိတ္နဲ႕ လုပ္ၾကတယ္  လုပ္တိုင္းေရာျဖစ္လား 
 ဆရာေဖျမင့္စာအုပ္ထဲက ဥပမာေပးထားတာေလးရွိတယ္  ငါးအလွေမြးဆိုင္တစ္ခုမွာ ငါးကန္ေလးေတြရွိတယ္  ငါးထီးတစ္ေကာင္ရွိတဲ့ကန္ေဘး ငါးမကန္ တစ္ခုကို ကပ္လ်က္လာထားတယ္    အဲ့ဒီအခါ ငါးထီးက ငါးမေလးဆီကူးခတ္ေျပးေျပးသြားတယ္ အတားအဆီးရွိတာကိုမသိပဲ  သြားတိုင္းမွန္နဲ႕တိုက္တိုက္မိေနၿပီး  လိုရာမေရာက္  မေအာင္ျမင္ျဖစ္ရတယ္တဲ့

  အဲ့သေဘာပဲ လူေတြဟာ ကိုယ့္ေရွ႕က  အတားအဆီးကို မသိပဲ ကံရွိမရွိကို မသိပဲ လိုခ်င္အားႀကီးစြာ ျပဳမူၾကသည့္အခါ  စနစ္က်မႈ မရွိတဲ့အခါ လိုရင္းမေရာက္ လုပ္တိုင္းမျဖစ္ဘူးေပါ့ 
အဲ့ဒီလိုအတားအဆီးကို ေဗဒင္မွာေဖာ္နိုင္တယ္ ဘယ္ဟာေၾကာင့္ ဘယ္လိုေၾကာင့္  ဘာေၾကာင့္ဆိုတာေတြသိလာတဲ့အခါ ေရွာင္သင့္တာေတြေရွာင္ ေဆာင္သင့္တာေတြေဆာင္တတ္လာတယ္   အဲ့လူနဲ႕ေပါင္းလို႔နာမည္ပ်က္ရမယ္ဆို မေပါင္းဘူးေပါ့ ေငြကုန္ရမယ္ဆို မကုန္ေတာ့ဘူးေပါ့   ကံကလူကို စီမံတာနည္းပါတယ္ လူကသာ ကံကိုစီမံတာ မ်ားတယ္…

 လူေတြဟာကိုယ္သိၿပီးသားကိစၥအေပၚဆို စိတ္အားထက္သန္မႈ နည္းသြားတတ္ၾကတယ္
 ဘဝကို အပူအပင္းကင္းကင္းနဲ႕ျဖတ္သန္းခ်င္တယ္ဆိုရင္ အဲ့ဒီအပူအပင္ေတြဟာ ဘာေတြလဲ ဆိုတာသိဖို႔လိုတယ္ ဒါမွ ဘယ္လိုေနထိုင္ရမလဲသိမယ္…
 ကြၽန္ုပ္ကေတာ့  ႀကိဳမသိပဲ ရင္မခုန္ခ်င္ဘူး
 ႀကိဳသိရၿပီး အေကာင္းဆုံးေနထိုင္မယ္ ေရွာင္ရန္ေဆာင္ရန္လိုက္နာၿပီး ဘဝမွာ အမွားအနည္းဆုံးျဖစ္ေအာင္ေနထိုင္သြားမယ္…

  #သိန္းထိုက္စံ

No comments:

Post a Comment