Tuesday, October 29, 2019

ကျွန်ုပ်နှင့် ဆန့်ကျင်ဘက်သဘောတရားများ

ကျွန်ုပ်နှင့် ဆန့်ကျင်ဘက်သဘောတရားများ

  နေမကောင်း သဖြင့် နေ့လည်ဘက် ဟောခန်းမထိုင်နိုင်ပဲ ကုတင်ပေါ်အိပ်နေခိုက်  ဖုန်းတစ်ခုဝင်လာသည်  မကိုင်ပဲနေမလို့ပဲ  ဒါပေမယ့် မိတ်ပျက်မခံလို၍ …

 "Hello"

"Hello ဆရာ သမီးဗေဒင်မေးချင်လို့ပါရှင့်"

 "အော် ဟုတ်ကဲ့ နာမည် နေ့သား မွေးခုနှစ် အပြည့်အစုံကို ပို့ထားပေးပါခင်ဗျာ…

 "ဟုတ်ဆရာ --.--.1998ပါ"
 
 "  အဓိက ဘာသိချင်လဲ "

  " သမီးသူငယ်ချင်းတွေနဲ့ ချောင်းသာ သွားချင်တယ် အဲ့ဒါအမေက ခွင့်မပြုလို့ပါ။ "

  အဲ့ဒီအခါ လက်ကိုရေမွှေးစွတ်ပြီး တားရော့ ထုတ်လေးကို ကုလားဖန်ထိုးကာ အခင်းပေါ်မှောက်ထားလိုက်သည်။ တုတ်ခွက်ဓါးကြယ်မပါ   အိပ်ရာထဲဖြစ်နေ၍ အမွှေးတိုင်ဘာညာ ထွန်းမနေတော့ပဲ သူ့မေးခွန်းကို အာရုံပြုပြီး ချိုးလိုက်တဲ့ကဒ်သည်………



 "The Star" ဓူဝံကြယ်ကို ကိုယ်စားပြုထားသော ကဒ်ကို ကျလာ၏ "

  " သမီး  ဒီကိစ္စစကားပြောရင်  ဂျစ်ကန်ကန်နဲ့ ပေပြီးစကားပြောတယ်မဟုတ်လား "

 " ဟုတ်တယ်ရှင့် ပေတာတော့အတော်ပေတယ် လုပ်ချင်တာမလုပ်ရရင် စကားအကောင်းလည်းပြောမထွက်တော့ဘူး"

 "အဲ့ဒီလိုလုပ်နေသရွေ့ ဘယ်တော့မှမသွားရဘူး သမီးရဲ့ စကားကိုကောင်းကောင်းမွန်မွန် စိတ်အေးလက်အေးပြောပြပါ  ဒီခရီးစဉ်ကို ခွင့်ပြုလိမ့်မယ်  ပြီးတော့   ဓူဝံကြယ်နေရာလေးကို ဖြတ်ပြီး ဆောင်ထားပေးပါ  ဆရာ အဲ့ဒီပုံပို့ပေးလိုက်မယ်…"

  " အရင်ကရော ရောက်ဖူးလား "

 "ဟုတ်ကဲ့ ကျောင်းက လေ့လာရေးခရီးထွက်တုန်းက ရောက်ဖူးပါတယ်…"

 " စိတ်မပူပါနဲ့ ခွင့်ပြုဖို့ အလားအလာတွေရှိပါတယ်…"

   " ဟုတ်ကဲ့ရှင့် ဆရာကျေးဇူးတင်ပါတယ်  ဉာဏ်ပူဇော်ခ ဘယ်လောက်လွှဲရမလဲဆရာ "

   " လူတစ်ယောက် ၅၀၀၀ပါ သမီး"

  " ခုသမီးမှာအဲ့လောက်မရှိသေးဘူးဆရာ မုန့်ဖိုးမပေးသေးလို့ပါ"

   "ဒါဆို ၃၀၀၀အရင်လွှဲပါ   ချောင်းသာကိုသွားရလို့ ရှိရင် ကျန်တဲ့၂၀၀၀ ထပ်ပေးပေါ့ ဟုတ်ပြီလား"

  ဒီလိုနဲ့ လေးရက်လောက်ကြာတဲ့အခါ …

  "ဆရာ onlineမှာ ငွေဖြည့်ကဒ် ၂၀၀၀ ထပ်ပို့ပေးထားတယ်ရှင့်  ချောင်းသာကို လိုက်သွားဖြစ်တယ်ဆရာ ကျေးဇူးအရမ်းတင်ပါတယ်ရှင့်…"

 ကဒ်၌ ကျွန်ုပ်၏ ယူဆချက်  ရေတကောင်း ၂လုံးကို သွန်နေသော မိန်းမသည်  သူ့အတွက်လည်း အကျိုးမရှိ အများအတွက်လည်း အကျိုးမရှိဖြစ်သော လုပ်ရပ်ကို လုပ်နေသည်။ ထို့ကြောင့် အကျိုးမရှိသော စကား ရေကဲ့သို့ ပျော့ပျောင်းမှု မရှိသောစကား ကိုဆိုသော် အောင်မြင်နိုင်ရန် ခဲယဉ်းသည်။ ညှင်သာစွာလောင်းချနေသော ပုံသဏ္ဌာန်နဲ့ ဆန့်ကျင်ဘက်ဖြစ်သော သဘောကို အံ့သြစွာသုံးသပ်မိသည်…   ထိုနေရာတွင် ဆန့်ကျင်ဘက် သဘောများသည် အကျိုးရှိခြင်း မရှိခြင်းကို ပြနေသသည်။
  လူတစ်ယောက်ကို  စီးပွားရေးအကြောင်းဟောပေးဖူးသည် ကျလာသောကဒ်သည် နံပါတ် ၅ ဘုန်းတော်ကြီးကဒ် ဖြစ်သည် ထိုသူဘာသာရေးမလုပ်ပေ  ဘုန်းကြီးသည် ဘာသာရေး နဲ့ဆက်နွယ်နေပြီး ထိုသူမှာဘာသာရေးမလုပ်သောကြောင့် စီးပွားရေးတွင် ဆုံးရှုံးမှုများနေကြောင်း သိခဲ့ရပါသည်။

 လောကတွင် ဘယ်အရာမဆို ဆန့်ကျင်ဘက်သဘော ပြောင်းပြန်သဘောများ ရှိနေသည်ကို သတိပြုမိစေရန် အလို့ငှာ  ရေးသားဖော်ပြလိုက်ရပါတယ်…

     #သိန်းထိုက်စံ


ကြၽန္ုပ္ႏွင့္ ဆန့္က်င္ဘက္သေဘာတရားမ်ား

  ေနမေကာင္း သျဖင့္ ေန႕လည္ဘက္ ေဟာခန္းမထိုင္နိုင္ပဲ ကုတင္ေပၚအိပ္ေနခိုက္  ဖုန္းတစ္ခုဝင္လာသည္  မကိုင္ပဲေနမလို႔ပဲ  ဒါေပမယ့္ မိတ္ပ်က္မခံလို၍ …

 "Hello"

"Hello ဆရာ သမီးေဗဒင္ေမးခ်င္လို႔ပါရွင့္"

 "ေအာ္ ဟုတ္ကဲ့ နာမည္ ေန႕သား ေမြးခုႏွစ္ အျပည့္အစုံကို ပို႔ထားေပးပါခင္ဗ်ာ…

 "ဟုတ္ဆရာ --.--.1998ပါ"
 
 "  အဓိက ဘာသိခ်င္လဲ "

  " သမီးသူငယ္ခ်င္းေတြနဲ႕ ေခ်ာင္းသာ သြားခ်င္တယ္ အဲ့ဒါအေမက ခြင့္မျပဳလို႔ပါ။ "

  အဲ့ဒီအခါ လက္ကိုေရေမႊးစြတ္ၿပီး တားေရာ့ ထုတ္ေလးကို ကုလားဖန္ထိုးကာ အခင္းေပၚေမွာက္ထားလိုက္သည္။ တုတ္ခြက္ဓါးၾကယ္မပါ   အိပ္ရာထဲျဖစ္ေန၍ အေမႊးတိုင္ဘာညာ ထြန္းမေနေတာ့ပဲ သူ႕ေမးခြန္းကို အာ႐ုံျပဳၿပီး ခ်ိဳးလိုက္တဲ့ကဒ္သည္………

 "The Star" ဓူဝံၾကယ္ကို ကိုယ္စားျပဳထားေသာ ကဒ္ကို က်လာ၏ "

  " သမီး  ဒီကိစၥစကားေျပာရင္  ဂ်စ္ကန္ကန္နဲ႕ ေပၿပီးစကားေျပာတယ္မဟုတ္လား "

 " ဟုတ္တယ္ရွင့္ ေပတာေတာ့အေတာ္ေပတယ္ လုပ္ခ်င္တာမလုပ္ရရင္ စကားအေကာင္းလည္းေျပာမထြက္ေတာ့ဘူး"

 "အဲ့ဒီလိုလုပ္ေနသေ႐ြ႕ ဘယ္ေတာ့မွမသြားရဘူး သမီးရဲ႕ စကားကိုေကာင္းေကာင္းမြန္မြန္ စိတ္ေအးလက္ေအးေျပာျပပါ  ဒီခရီးစဥ္ကို ခြင့္ျပဳလိမ့္မယ္  ၿပီးေတာ့   ဓူဝံၾကယ္ေနရာေလးကို ျဖတ္ၿပီး ေဆာင္ထားေပးပါ  ဆရာ အဲ့ဒီပုံပို႔ေပးလိုက္မယ္…"

  " အရင္ကေရာ ေရာက္ဖူးလား "

 "ဟုတ္ကဲ့ ေက်ာင္းက ေလ့လာေရးခရီးထြက္တုန္းက ေရာက္ဖူးပါတယ္…"

 " စိတ္မပူပါနဲ႕ ခြင့္ျပဳဖို႔ အလားအလာေတြရွိပါတယ္…"

   " ဟုတ္ကဲ့ရွင့္ ဆရာေက်းဇူးတင္ပါတယ္  ဉာဏ္ပူေဇာ္ခ ဘယ္ေလာက္လႊဲရမလဲဆရာ "

   " လူတစ္ေယာက္ ၅၀၀၀ပါ သမီး"

  " ခုသမီးမွာအဲ့ေလာက္မရွိေသးဘူးဆရာ မုန့္ဖိုးမေပးေသးလို႔ပါ"

   "ဒါဆို ၃၀၀၀အရင္လႊဲပါ   ေခ်ာင္းသာကိုသြားရလို႔ ရွိရင္ က်န္တဲ့၂၀၀၀ ထပ္ေပးေပါ့ ဟုတ္ၿပီလား"

  ဒီလိုနဲ႕ ေလးရက္ေလာက္ၾကာတဲ့အခါ …

  "ဆရာ onlineမွာ ေငြျဖည့္ကဒ္ ၂၀၀၀ ထပ္ပို႔ေပးထားတယ္ရွင့္  ေခ်ာင္းသာကို လိုက္သြားျဖစ္တယ္ဆရာ ေက်းဇူးအရမ္းတင္ပါတယ္ရွင့္…"

 ကဒ္၌ ကြၽန္ုပ္၏ ယူဆခ်က္  ေရတေကာင္း ၂လုံးကို သြန္ေနေသာ မိန္းမသည္  သူ႕အတြက္လည္း အက်ိဳးမရွိ အမ်ားအတြက္လည္း အက်ိဳးမရွိျဖစ္ေသာ လုပ္ရပ္ကို လုပ္ေနသည္။ ထို႔ေၾကာင့္ အက်ိဳးမရွိေသာ စကား ေရကဲ့သို႔ ေပ်ာ့ေပ်ာင္းမႈ မရွိေသာစကား ကိုဆိုေသာ္ ေအာင္ျမင္နိုင္ရန္ ခဲယဥ္းသည္။ ညွင္သာစြာေလာင္းခ်ေနေသာ ပုံသဏၭာန္နဲ႕ ဆန့္က်င္ဘက္ျဖစ္ေသာ သေဘာကို အံ့ၾသစြာသုံးသပ္မိသည္…   ထိုေနရာတြင္ ဆန့္က်င္ဘက္ သေဘာမ်ားသည္ အက်ိဳးရွိျခင္း မရွိျခင္းကို ျပေနသသည္။
  လူတစ္ေယာက္ကို  စီးပြားေရးအေၾကာင္းေဟာေပးဖူးသည္ က်လာေသာကဒ္သည္ နံပါတ္ ၅ ဘုန္းေတာ္ႀကီးကဒ္ ျဖစ္သည္ ထိုသူဘာသာေရးမလုပ္ေပ  ဘုန္းႀကီးသည္ ဘာသာေရး နဲ႕ဆက္ႏြယ္ေနၿပီး ထိုသူမွာဘာသာေရးမလုပ္ေသာေၾကာင့္ စီးပြားေရးတြင္ ဆုံးရႈံးမႈမ်ားေနေၾကာင္း သိခဲ့ရပါသည္။

 ေလာကတြင္ ဘယ္အရာမဆို ဆန့္က်င္ဘက္သေဘာ ေျပာင္းျပန္သေဘာမ်ား ရွိေနသည္ကို သတိျပဳမိေစရန္ အလို႔ငွာ  ေရးသားေဖာ္ျပလိုက္ရပါတယ္…

     #သိန္းထိုက္စံ

No comments:

Post a Comment