Saturday, September 7, 2019

ဂါထာ မန္တန် ရွတ်ဆိုရာ၌ ပိုမိုထိရောက် အစွမ်းထက်လိုသော်


      နှစ်ရှည်လများ  ဂါထာမန္တန်တွေ ရွတ်ဖတ်ကြ အဓိဌာန်တွေတင်ကြသည်  သို့သော်  အစွမ်းမထက်ကြ  အကျိုးမရှိကြသည်မှာအဘယ်ကြောင့်နည်း?  ကျနော်သိသလောက်နဲ့ ဆရာများဆီမှ မှီငြမ်းပြုစုထားသော အရာများကို ပြောပြပေးပါမယ်   လိုအပ်တာဖြည့်ပေးကြပါ ဆရာများခင်ဗျာ...

      ဂါထာမန္တန်ရွတ်ဆိုရာတွင် ပေါ့ပါးသိမ်မွေ့စွာ ရွတ်ဆိုရသော ဗျည်း / လေသံခပ်ပြင်းပြင်းဆောင့်၍ ရွတ်ဆိုရသော ဗျည်း နှင့်  မိမိတို့  အလိုရှိတဲ့ အသံတိုင်း ရွတ်ဆိုရသော သရ  ဆိုပြီး အကြမ်းဖျင်း သုံးခုရှိတယ်လို့ မှတ်သားဖူးပါတယ်

   ~အသံမာမာဖြင့်ရွတ်ဆိုရသော ဗျည်း၁၀လုံး~

        ခ ဃ  ဆ ဇ  ဈ ဌ  ဎ ထ  ဖ ဘ
စသည့်ဗျည်းအက္ခရာ များကိုတော့  လေသံပြင်းပြင်း ဆောင့်၍ရွတ်ဆိုရမည်။

  ~ပေါ့ပါးသိမ်မွေ့စွာရွတ်ဆိုရသောဗျည်း၁၅လုံး~

       ကဂင စဇည ဋဍဏ တဒန ပဗမ
စသည့်ဗျဉ်းများကို လေသံပျော့ပျော့ဖြင့်ရွတ်ဆိုရမည်ဖြစ်သည်။ 

   ~အလိုရှိတိုင်းရွတ်ဆိုနိုင်သော သရ၁၄လုံး~

 အ အာ ဣ ဤ ဥ ဦ ဧ အဲ သြ သြော် အံ အား အို အုံ 
  စသည်တို့ကိုတော့  လေသံပျော့နဲ့ဖြစ်စေ လေသံမာနဲ့ဖြစ်စေရွတ်ဆိုနိုင်ပါသည်။

    လေယူလေသိမ်း မှန်မှန်ဖြင့်  အထက်ပါ ဖော်ပြထားသည့် အတိုင်း ရွတ်ဆိုပါမှ ဂါထာမန္တန် အစွမ်းထက်မည်ဖြစ်ပြီး အကျိုးပေးလျှင်မြန်မည်ဖြစ်သည်။  ပရိတ် ပဋ္ဌာန်း ဓမ္မစကြာ တို့ကိုတော့  ခွဲခြားရွတ်ရန်မလိုအပ်ပေ။  ထိုကြောင့် မိမိသည် ဂါထာမန္တန်တစ်ပုဒ်ကို ရွတ်ဆိုတော့မည်ဆိုရင်  အရင်ဆုံး အဖြတ်အတောက် မှန်ကန်ရမည်။ လေယူလေသိမ်းမှန်ရမည်  အသံပျော့အသံမာခွဲခြားရွတ်ဆိုရမည်။ သို့မှသာ ထိရောက် အစွမ်းထက်မည်ဖြစ်သည်။ 

      ယုံကြည်ရင် ယုံကြည်တဲ့အကျိုး ရမည်။
           
                     သိန်းထိုက်စံ(ဂမ္ဘီရလောကီပညာ)






~ဂါထာ မႏၲန္ ရြတ္ဆိုရာ၌ ပုိမိုထိေရာက္ အစြမ္းထက္လိုေသာ္~

      ႏွစ္ရွည္လမ်ား  ဂါထာမႏၲန္ေတြ ရြတ္ဖတ္ၾက အဓိဌာန္ေတြတင္ၾကသည္  သို႕ေသာ္  အစြမ္းမထက္ၾက  အက်ဳိးမရွိၾကသည္မွာအဘယ္ေၾကာင့္နည္း?  က်ေနာ္သိသေလာက္နဲ႔ ဆရာမ်ားဆီမွ မွီျငမ္းျပဳစုထားေသာ အရာမ်ားကို ေျပာျပေပးပါမယ္   လိုအပ္တာျဖည့္ေပးၾကပါ ဆရာမ်ားခင္ဗ်ာ...

      ဂါထာမႏၲန္ရြတ္ဆိုရာတြင္ ေပါ့ပါးသိမ္ေမြ႕စြာ ရြတ္ဆိုရေသာ ဗ်ည္း / ေလသံခပ္ျပင္းျပင္းေဆာင့္၍ ရြတ္ဆိုရေသာ ဗ်ည္း ႏွင့္  မိမိတို႕  အလုိရွိတဲ႔ အသံတိုင္း ရြတ္ဆိုရေသာ သရ  ဆိုျပီး အၾကမ္းဖ်င္း သုံးခုရွိတယ္လို႕ မွတ္သားဖူးပါတယ္

   ~အသံမာမာျဖင့္ရြတ္ဆိုရေသာ ဗ်ည္း၁၀လုံး~

        ခ ဃ  ဆ ဇ  ဈ ဌ  ဎ ထ  ဖ ဘ
စသည္႔ဗ်ည္းအကၡရာ မ်ားကိုေတာ့  ေလသံျပင္းျပင္း ေဆာင့္၍ရြတ္ဆိုရမည္။

  ~ေပါ့ပါးသိမ္ေမြ႕စြာရြတ္ဆိုရေသာဗ်ည္း၁၅လုံး~

       ကဂင စဇည ဋဍဏ တဒန ပဗမ
စသည့္ဗ်ဥ္းမ်ားကို ေလသံေပ်ာ့ေပ်ာ့ျဖင့္ရြတ္ဆိုရမည္ျဖစ္သည္။ 

   ~အလိုရွိတိုင္းရြတ္ဆိုႏိုင္ေသာ သရ၁၄လုံး~

 အ အာ ဣ ဤ ဥ ဦ ဧ အဲ ၾသ ေၾသာ္ အံ အား အို အုံ 
  စသည္တို႕ကိုေတာ့  ေလသံေပ်ာ့နဲ႔ျဖစ္ေစ ေလသံမာနဲ႔ျဖစ္ေစရြတ္ဆိုႏိုင္ပါသည္။

    ေလယူေလသိမ္း မွန္မွန္ျဖင့္  အထက္ပါ ေဖာ္ျပထားသည့္ အတိုင္း ရြတ္ဆိုပါမွ ဂါထာမႏၲန္ အစြမ္းထက္မည္ျဖစ္ျပီး အက်ဳိးေပးလွ်င္ျမန္မည္ျဖစ္သည္။  ပရိတ္ ပ႒ာန္း ဓမၼစၾကာ တို႕ကိုေတာ့  ခြဲျခားရြတ္ရန္မလိုအပ္ေပ။  ထိုေၾကာင့္ မိမိသည္ ဂါထာမႏၲန္တစ္ပုဒ္ကို ရြတ္ဆိုေတာ့မည္ဆိုရင္  အရင္ဆံုး အျဖတ္အေတာက္ မွန္ကန္ရမည္။ ေလယူေလသိမ္းမွန္ရမည္  အသံေပ်ာ့အသံမာခြဲျခားရြတ္ဆိုရမည္။ သို႔မွသာ ထိေရာက္ အစြမ္းထက္မည္ျဖစ္သည္။ 

      ယုံၾကည္ရင္ ယုံၾကည္တဲ႔အက်ဳိး ရမည္။
           

                     သိန္းထိုက္စံ(ဂမီၻရေလာကီပညာ)

No comments:

Post a Comment