Monday, September 2, 2019
ဖက်ဖူးရောင်_အောင်အိုးအဓိဋ္ဌာန်(လပြည့်ညအတွက်)
လိုအပ်တာက ရေတကောင်းအိုးဆို ပိုကောင်းပါတယ် လည်ပင်းရှည်ရှည်နဲ့ အိုးပေါ့ အဲ့ဒီမြေရေတကောင်းအိုးကို ဖက်ဖူးရောင် (အစိမ်းနု)လေး သုတ်ပါ… ဘုရားက နိဗ္ဗာန်ကုန်ရောင်းတဲ့ ဆိုင်တွေမှာ ရှိပါတယ် အဲ့ဒီမှာ တစ်ခါတည်း သုတ်ခိုင်းလို့ရပါတယ် ပြီးရင်
အဲ့ဒီအိုးကို ဖုံးဖို့ စတီးပန်းကန်ပြား အသေးလေးလိုပါတယ်
ရေသောက်ဖို့ ခွက် အနေနဲ့ ကြေးခွက်ကိုသုံးပါ။
ဆေးသုတ်ပြီး ခြောက်သွားရင် အိုးအတွင်းကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ ကျွန်တော်သုံးတုန်းကဆို ရေသောက်ရင် သုတ်ဆေးအနံ့တွေ နံပါတယ် ဒါကြောင့် ဆေးခိုင်းတာပါ…
အားလုံးပြည့်စုံပြီးဆိုရင် လပြည့်ည တိမ်ကင်းစင်တဲ့ အချိန် ဘယ်အချိန်ဖြစ်ဖြစ် လုပ်လို့ရပါတယ် ညနက်လာလေ ပိုကောင်းပါတယ်…
အဲ့ဒီအိုးလေးကို သောက်ရေအပြည့်နီးပါးထည့်ထား၍ အဖုံးဖွင့်ထားပြီး လက်ထဲမှာ ကိုင်မြှောက်ထားပြီး……
"ကောင်းကင်ထက်မှာ ရှိနေကြတဲ့ နတ်မြတ် နတ်ကောင်း အပေါင်းတို့ ခင်ဗျား ကျွန်ုပ်သည် ဒီဖက်ဖူးရောင် အောင်အိုး အဓိဋ္ဌာန်ကို တလတိတိ ဝင်ပါမည်။ ထိုအတွက်ကြောင့် ဒီအောင်အိုးလေးထဲကို လာဘ်လာဘ သိဒ္ဓိများ ထည့်ပေးတော်မူပါ ထည့်ပေးတော်မူပါ ထည့်ပေးတော်မူပါ ကျွန်ုပ်သောက်သော ရေများသည်လည်း သိဒ္ဓိအပေါင်းတို့ဖြင့် ပြည့်နှက်နေပါစေသတည်း………" လို့လေးလေးနက်နက်ပြောရပါမယ်… ကိုယ်တစ်ကြိမ်ပြောလို့ အားမရဘူးဆိုရင် အားရလောက်အောင် ပြောပါ စိတ်ထဲမှာလည်း တန်ခိုးသိဒ္ဓိတွေ အိုးထဲ ဝင်နေပြီလို့ မှတ်ယူတွေးတောနေရပါမယ်…
ပြောပြီးသွားရင် အိုးလေးကိုအဖုံးပြန်ဖုံးပြီး ဘုရားစင်မှာ ထားပါ အမြဲတမ်း အဲ့ဒီရေကို သောက်ပါ ကိုယ်ကလွဲပြီး ဘယ်သူမှ မသောက်ပါစေနဲ့ … ရေကို တနေ့တစ်အိုးကုန်အောင် သောက်ရပါမယ်…နောက်လပြည့်ည အထိ သောက်ပါ ထပ်ပြီး ဝင်မယ်ဆိုရင် ဒီပုံစံအတိုင်း ဝင်ပါ… ဦးဆုံးညကရေကိုတော့ ကုန်အောင်သောက်ဖို့မလိုပါဘူး … နောက်နေ့တွေမှာတော့ ကုန်အောင်သောက်ပါ ဂုဏ်တော်ကိုးပါးကို အမြဲ ရွတ်ဆိုဖို့ မမေ့ပါနဲ့… စီးပွားလာဘ်လာဘတွေပွင့်လန်းလာပါလိမ့်မယ်။
#ယုံကြည်ရင်_ယုံကြည်တဲ့အကျိုးရမည်။
#သိန်းထိုက်စံ
#ဖက္ဖူးေရာင္_ေအာင္အုိးအဓိ႒ာန္(လျပည့္ညအတြက္)
လိုအပ္တာက ေရတေကာင္းအိုးဆို ပိုေကာင္းပါတယ္ လည္ပင္းရွည္ရွည္နဲ႔ အိုးေပါ့ အဲ႕ဒီေျမေရတေကာင္းအိုးကို ဖက္ဖူးေရာင္ (အစိမ္းႏု)ေလး သုတ္ပါ… ဘုရားက နိဗၺာန္ကုန္ေရာင္းတဲ႔ ဆိုင္ေတြမွာ ရွိပါတယ္ အဲ႕ဒီမွာ တစ္ခါတည္း သုတ္ခိုင္းလို႕ရပါတယ္ ျပီးရင္
အဲ႕ဒီအိုးကို ဖုံးဖို႕ စတီးပန္းကန္ျပား အေသးေလးလိုပါတယ္
ေရေသာက္ဖို႕ ခြက္ အေနနဲ႔ ေၾကးခြက္ကိုသံုးပါ။
ေဆးသုတ္ျပီး ေျခာက္သြားရင္ အိုးအတြင္းကို ဆပ္ျပာနဲ႔ ေသခ်ာေဆးေၾကာပါ ကြ်န္ေတာ္သုံးတုန္းကဆို ေရေသာက္ရင္ သုတ္ေဆးအနံ႔ေတြ နံပါတယ္ ဒါေၾကာင့္ ေဆးခိုင္းတာပါ…
အားလုံးျပည့္စံုျပီးဆိုရင္ လျပည့္ည တိမ္ကင္းစင္တဲ႔ အခ်ိန္ ဘယ္အခ်ိန္ျဖစ္ျဖစ္ လုပ္လို႕ရပါတယ္ ညနက္လာေလ ပိုေကာင္းပါတယ္…
အဲ႕ဒီအိုးေလးကို ေသာက္ေရအျပည့္နီးပါးထည့္ထား၍ အဖုံးဖြင့္ထားျပီး လက္ထဲမွာ ကိုင္ေျမွာက္ထားျပီး……
"ေကာင္းကင္ထက္မွာ ရွိေနၾကတဲ႔ နတ္ျမတ္ နတ္ေကာင္း အေပါင္းတို႕ ခင္ဗ်ား ကြ်ႏ္ုပ္သည္ ဒီဖက္ဖူးေရာင္ ေအာင္အိုး အဓိ႒ာန္ကို တလတိတိ ဝင္ပါမည္။ ထိုအတြက္ေၾကာင့္ ဒီေအာင္အိုးေလးထဲကို လာဘ္လာဘ သိဒိၶမ်ား ထည့္ေပးေတာ္မူပါ ထည့္ေပးေတာ္မူပါ ထည့္ေပးေတာ္မူပါ ကြ်ႏ္ုပ္ေသာက္ေသာ ေရမ်ားသည္လည္း သိဒိၶအေပါင္းတို႕ျဖင့္ ျပည့္ႏွက္ေနပါေစသတည္း………" လို႕ေလးေလးနက္နက္ေျပာရပါမယ္… ကိုယ္တစ္ႀကိမ္ေျပာလို႕ အားမရဘူးဆိုရင္ အားရေလာက္ေအာင္ ေျပာပါ စိတ္္ထဲမွာလည္း တန္ခိုးသိဒိၶေတြ အိုးထဲ ဝင္ေနျပီလို႕ မွတ္ယူေတြးေတာေနရပါမယ္…
ေျပာျပီးသြားရင္ အိုးေလးကိုအဖုံးျပန္ဖုံးျပီး ဘုရားစင္မွာ ထားပါ အျမဲတမ္း အဲ႔ဒီေရကို ေသာက္ပါ ကိုယ္ကလြဲျပီး ဘယ္သူမွ မေသာက္ပါေစနဲ႔ … ေရကို တေန႕တစ္အုိးကုန္ေအာင္ ေသာက္ရပါမယ္…ေနာက္လျပည့္ည အထိ ေသာက္ပါ ထပ္ျပီး ဝင္မယ္ဆိုရင္ ဒီပုံစံအတိုင္း ဝင္ပါ… ဦးဆုံးညကေရကိုေတာ့ ကုန္ေအာင္ေသာက္ဖို႕မလိုပါဘူး … ေနာက္ေန႕ေတြမွာေတာ့ ကုန္ေအာင္ေသာက္ပါ ဂုဏ္ေတာ္ကိုးပါးကို အျမဲ ရြတ္ဆိုဖို႕ မေမ့ပါနဲ႔… စီးပြားလာဘ္လာဘေတြပြင့္လန္းလာပါလိမ့္မယ္။
#ယုံၾကည္ရင္_ယုံၾကည္တဲ႕အက်ဳိးရမည္။
#သိန္းထိုက္စံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment