Sunday, September 1, 2019

ချစ်သူ ခိုင်မြဲစေသည့်နည်း

  အချစ်ကိုယ်စားပြုသော တနင်္လာနံ၏ သြကာသ ကာရက နံဖြစ်သော သောကြာနံ သော့ အားစီရင်ပြုလုပ်ရမည်ဖြစ်သည်။ မတူသော သော့ ခလောက် နှစ်ခုတွင် မိမိတို့နှစ်ဦး ၏ နာမည် အင်္ဂလိပ်လိုအတိုကောက်နှင့် မွေးနံကို ရေးရပါမယ်(မာကာ အနီဖြင့်ရေးပါ မောင်/မ မထည့်ရ) မွေးနံဟုဆိုရာတွင် တနင်္ဂနွေသားသမီးဆိုရင် ၁  တနင်္လာ ၂  အင်္ဂါ ၃  ဗုဒ္ဓဟူး ၄   ကြာသပတေး ၅   သောကြာ ၆  စနေ ၇ ရာဟု ၈  လို့ရေးပါ။ သော့ခလောမျက်နှာပြင်တဖက်တွင် နာမည် အင်္ဂလိပ်လိုအတိုကောက်ရေး တဖက်တွင်မွေးနံရေးပါ… 

  ဥပမာ တနင်္ဂနွေသားအောင်ကျော်မိုး ဆိုပါစို့

 တဖက်တွင် AKM   တဖက်တွင် ၁


  သော့ခလောက်ရွေးချယ်ရာတွင်  အကြီးအသေးခွဲရမည်။  အသက်အရွယ်ကို မကြည့်ရ လူပုံပန်းသဏ္ဍာန်ကို ကြည့်ရမည်  တစ်ယောက်က ပိုဝရင် ကြီးတဲ့သော့ခလောက်တွင် ဝတဲ့သူရဲ့ နာမည်နဲ့မွေးနံထည့်ပါ။ အားလုံးပြီးပါက သော့ ခလောက်တစ်ခုနှင့်တစ်ခု ခတ်လိုက်ရမည်။ ခတ်သောအချိန်တွင်စိတ်တွင်ရည်မှန်း၍ ငါတို့၂ဦး ဟောဒီသော့ခလောက်တွေလို့ ခိုင်မြဲသွားပြီလို့  ပြောပါ။ ထိုသော့ခလောက်နှစ်ခုအား သိမ်းဆည်းထားပါ။ အဆင်မပြေဖြစ်ပါက  သူ့ဘက်က သော့ခလောက်ပေါ်တွင် ဖယောင်းတိုင်အနီ ၆ရက်ထွန်းပေးရပါမယ်။ 

  ကံအထောက်အပံ့ရစေသောနည်းဖြစ်ပါသည်။ လောကတွင်ဖြစ်သင့်သည့် အချိန်တွင်ဖြစ်ပြီး ပျက်သည့်အချိန်တွင် ပြတ်စမြဲပင် ကျွန်ုပ်တို့သည် ကောက်ရိုးတစ်မျှင်မျှဆွဲလို့ရလျှင်ဖြင့် ဆွဲကြဦးမည် မဟုတ်တုံလော……

No comments:

Post a Comment