Monday, September 2, 2019
ယတြာ မထိရောက်ပါက ဤသို့ပြုလုပ်ပါ
ယတြာ မထိရောက်ပါက ဤသို့ပြုလုပ်ပါ…
>ခင်ပွန်းကြီး ၁၀ပါးကန်တော့တောင်းပန်ပါ။
>အိမ်တွင် ဖိနပ်စုတ် ထီးစုတ်များမထားရ စွန့်ပစ်ပါ။
>ပန်ကန်းကွဲ မှန်ကွဲ ဖန်ကွဲများ စွန့်ပစ်ပါ မှန်ကွဲဖြင့် မကြည့်အပ်။
>ဘူးစုတ် ပလုံးစုတ်များစွန့်ပစ်ပါ/ရောင်းပါ။(ကြာသပတေးနေ့)
>ကြွက်ပေါက ငွေကုန်လွယ်သည့်အတွက် အမှိုက်သရိုက်များမရှိစေရ။
>ဘုရားကျောင်းဆောင် သန့်ရှင်းစွာထားပါ ရေ/ပန်း အမြဲအသစ်လဲလှယ်ပါ။
>မိမိအသုံးအဆောင် သဘက် ပုဆိုး အကျၤ ီ ထဘီတို့ဟောင်းနွမ်းသော်လည်း ခြေသုတ်ဝတ်မလုပ်ရ မှန်မတိုက်ရ ကားမသုတ်ရ။
>ယတြာချေတဲ့စင် သပ်သပ်ထားပါ။
 ဘုရားကျောင်းဆောင်ပေါ်တွင် ဆွမ်း ခဲဖွယ်ဘောဇဉ် ချိုချဉ် ပန်း ရေချမ်း ဆီမီး ဖယောင်းတိုင်နှင့်ဆိုင်သော ယတြာပစ္စည်းတို့မှလွဲ၍ မထားအပ် မချေအပ်  အချို့ယတြာများသည် မီးဖိုချောင်သုံးပစ္စည်းများပါဝင်သည့်အတွက် မသင့်လျော်ပါ။
 #ထိုကဲ့သို့ဦးစွာလုပ်ဆောင်ပြီးမှသာ 
>ဆရာများ ပေးတဲ့နေ့ရက်နဲ့အချိန်တို့မလွဲအောင်ယတြာပြုပါ မလောရ နောက်မကျစေရ သတ်မှတ်ချိန်သာဖြစ်ပါစေ (အဆင်မပြေက ပြန်ညှိတိုင်ပင်ပါ)
အောင်မြင်ကြပါစေ…
        ဆရာ သိန်းထိုက်စံ
ဆန်းကျမ်းနှင့် နက္ခတ္တဗေဒသုတေသီ
တားရော့နှင့် မြန်မာ့ရိုးရာဗေဒ ပညာရှင်
>မိမိအသုံးအဆောင် သဘက် ပုဆိုး အင်္ကျီ ထဘီတို့ဟောင်းနွမ်းသော်လည်း ခြေသုတ်ဝတ်မလုပ်ရ မှန်မတိုက်ရ ကားမသုတ်ရ။
အောင်မြင်ကြပါစေ…
        ဆရာ သိန်းထိုက်စံ
No comments:
Post a Comment