Monday, October 28, 2019
စီးပွားရေးနှင့်ဆန်းကျမ်းဗေဒင်
စီးပွားရေးနှင့်ဆန်းကျမ်းဗေဒင်
တနေ့ နံနက်၌ ကျွန်ုပ်ဟောခန်းရှိရာသို့ ကျောင်နေဖက် သူငယ်ချင်း လင်မယားနှစ်ယောက် ရောက်ရှိလာ၏
ဗေဒင်မေးသည်မှာ သူငယ်ချင်း၏ အမျိုးသမီးဖြစ်သူ ဗုဒ္ဓဟူးသမီးဖြစ်လေသည်။
ဆန်းကျမ်းပညာဖြင့် ထိုအမျိုးသမီး၏ ဇာတာအား သုံးသပ်ပြီး လိုအပ်တာများဟောပြောပြီးနောက်
မေးခွန်းမေးသည်မှာ စပါးအရောင်းအဝယ်လုပ်ငန်း လုပ်မည်ဟုဆိုသည် ထိုအလုပ်နှင့်သင်တော် မတော် လာမေးခြင်းဖြစ်သည် အိမ်ထောင်ဦးစီးလုပ်ကိုင်မည့် အလုပ် မဟုတ်သဖြင့် အမျိုးသမီးဇာတာဖြင့်သာ တွက်ချက်စစ်ဆေးခြင်းဖြစ်ပါသည်။ ဇာတာတွင် ရှုပါ...
ဗုဒ္ဓဟူးသမီးသည် အသက် ၂၇ အထိ စနေဂြိုဟ်စားနေလေရာ လုပ်ကိုင်မည့် အလုပ်နံ ဖြစ်သော အင်္ဂါနံသည် နိစ်ကြီးဋ္ဌာန(34)တွင် ကိစ္ဆဂြိုဟ်ကပ်ပြီး အမှတ်၇မှတ်ဆိုး (87.5%)ဆိုးနေလေရာ ထိုအင်္ဂါနံ စပါးအလုပ်သည် ပျက်စီးစေသောအလုပ်ဖြစ်နေလေ၏ ကာရကစစ်ရာတွင် ကတ္တုကာရက နဲ့ ကမ္မကာရက များဖြစ်လေရာ (ကတ္တုသဘော အကြိမ်ကြိမ်) ကိစ္ဆကတ္တု အကြိမ်ကြိမ်အရှုံးပေါ်တတ်၏ (ကမ္မသဘော ပြဿနာ အမှု အသစ်ပြုလုပ်ခြင်း /ဖြစ်ခြင်း)
ထိုအင်္ဂါနံသည် လုပ်ငန်းသစ်လည်းဖြစ် ရန်ပြဿနာ အတိုက်အခံတွေလည်း ကြုံပြီး ခဏခဏ အရှုံးပေါ် ပျက်စီးစေတတ်သည်။ ဟု ဂြိုဟ်စားတွင် အဖြေထွက်လာလေသည်။
တဖန် သက်ရောက်တွင် စစ်ဆေးရာ၌ အင်္ဂါနံတိုင်ခြေ ကျ၍ (32) မရဏ(ရွေ့လျား ပျက်စီး) သြကာသ(မှီခို) ကာရကကြောင့် ထိုအင်္ဂါနံအလုပ်အပေါ် မှီခို၍ လုပ်ကိုင်ရာတွင် မတည်ငြိမ်ဖြစ်ပြီး ပျက်စီးရမည် အမှတ်၇မှတ်လည်း ဆိုးနေလေရာ ထိုအင်္ဂါနံလုပ်ငန်းအား လုံးဝမလုပ်ဖို့ တားမြစ်သတိပေးလိုက်ရသည်။
လင်ယောက်ျား နဲ့အဆင်မပြေ ကွဲကွာတတ်ကြောင်းကိုလည်း ကြိုတင်သတိပေးခဲ့ပါသည်။ တကယ်ကွဲမကွဲဆိုရာတွင် အမျိုးသားဇာတာဖြင့် စစ်ရန်လိုပါသည်။
ထို့ကြောင့် ဉာဏ်ရှိသော်လည်း ကံမရှိပါက ထင်တိုင်းမပေါက် လိုတိုင်းမရောက်နိုင်ပါပေ ကံသည်အလုပ်ဟု ဆိုလိုက်သော်လည်း အတိတ်ကံမပါပါက မည်သို့မှ မအောင်မြင်နိုင်ပါ သို့ရာတွင် အတိတ်ကံပါသော်လည်း လက်ရှိပစ္စုပ္ပန်တွင် လုံ့လပြုအားမထုတ်ပါက ထို့အတူပင်
ဘုန်းကံမြင့်မားသော ရှေးမြန်မာမင်းများ လက်ထပ်ကတည်းက ကိစ္စတစ်ခုကို ပေါ့ပေါ့တန်တန် မဆောင်ရွက်ခဲ့ပါ။ ကံကြမ္မာအား ကြိုတင်တွက်ချက်နိမိတ်ဖတ်စေပြီးမှ အဟန့်အတားအနှောင့်အယှက်များကို ယတြာများဖြင့် ကျော်လွှားကာ ဆောင်ရွက်ခဲ့ကြသည်ဖြစ်၍ ကျွန်ုပ်တို့လို ဘုန်းကံနည်းပါးသူများကပင် ဗေဒင်ဆိုတာ အလကား ကောင်းတာ လုပ်ရင်ကောင်းတာ ဖြစ်မယ် ကံဆိုတာ အလုပ် ကြိုးစားရင် ဘာမဆိုဖြစ်နိုင်သည်ဟု လောကီလောကုတ် ရောနှောကာ သွေဖယ်သော အသိဉာဏ်များဖြင့် ယုံကြည်မှုမရှိပဲ ဆောင်ရွက်ကြမည် ဆိုပါလျှင် ရေပြင်ထက်၌ အရုပ်ရေးသကဲ့သို့ မထင်ရုံမျှသည် တော်သေး၏ ၎င်းထက်ပို၍ နစ်နာဆုံးရှုံးမှုရှိပါလျှင်မူ……
ဆရာ သိန်းထိုက်စံ
ဆန်းကျမ်းနှင့် နက္ခတ္တဗေဒ၊ ဝေဒသုတေသီ
တားရော့နှင့် မြန်မာ့ရိုးရာဗေဒပညာရှင်
စီးပြားေရးႏွင့္ဆန္းက်မ္းေဗဒင္
တေန႕ နံနက္၌ ကြၽန္ုပ္ေဟာခန္းရွိရာသို႔ ေက်ာင္ေနဖက္ သူငယ္ခ်င္း လင္မယားႏွစ္ေယာက္ ေရာက္ရွိလာ၏
ေဗဒင္ေမးသည္မွာ သူငယ္ခ်င္း၏ အမ်ိဳးသမီးျဖစ္သူ ဗုဒၶဟူးသမီးျဖစ္ေလသည္။
ဆန္းက်မ္းပညာျဖင့္ ထိုအမ်ိဳးသမီး၏ ဇာတာအား သုံးသပ္ၿပီး လိုအပ္တာမ်ားေဟာေျပာၿပီးေနာက္
ေမးခြန္းေမးသည္မွာ စပါးအေရာင္းအဝယ္လုပ္ငန္း လုပ္မည္ဟုဆိုသည္ ထိုအလုပ္ႏွင့္သင္ေတာ္ မေတာ္ လာေမးျခင္းျဖစ္သည္ အိမ္ေထာင္ဦးစီးလုပ္ကိုင္မည့္ အလုပ္ မဟုတ္သျဖင့္ အမ်ိဳးသမီးဇာတာျဖင့္သာ တြက္ခ်က္စစ္ေဆးျခင္းျဖစ္ပါသည္။ ဇာတာတြင္ ရႈပါ
ဗုဒၶဟူးသမီးသည္ အသက္ ၂၇ အထိ စေနၿဂိဳဟ္စားေနေလရာ လုပ္ကိုင္မည့္ အလုပ္နံ ျဖစ္ေသာ အဂၤါနံသည္ နိစ္ႀကီး႒ာန(34)တြင္ ကိစၦၿဂိဳဟ္ကပ္ၿပီး အမွတ္၇မွတ္ဆိုး (87.5%)ဆိုးေနေလရာ ထိုအဂၤါနံ စပါးအလုပ္သည္ ပ်က္စီးေစေသာအလုပ္ျဖစ္ေနေလ၏ ကာရကစစ္ရာတြင္ ကတၱဳကာရက နဲ႕ ကမၼကာရက မ်ားျဖစ္ေလရာ (ကတၱဳသေဘာ အႀကိမ္ႀကိမ္) ကိစၦကတၱဳ အႀကိမ္ႀကိမ္အရႈံးေပၚတတ္၏ (ကမၼသေဘာ ျပႆနာ အမႈ အသစ္ျပဳလုပ္ျခင္း /ျဖစ္ျခင္း)
ထိုအဂၤါနံသည္ လုပ္ငန္းသစ္လည္းျဖစ္ ရန္ျပႆနာ အတိုက္အခံေတြလည္း ႀကဳံၿပီး ခဏခဏ အရႈံးေပၚ ပ်က္စီးေစတတ္သည္။ ဟု ၿဂိဳဟ္စားတြင္ အေျဖထြက္လာေလသည္။
တဖန္ သက္ေရာက္တြင္ စစ္ေဆးရာ၌ အဂၤါနံတိုင္ေျခ က်၍ (32) မရဏ(ေ႐ြ႕လ်ား ပ်က္စီး) ၾသကာသ(မွီခို) ကာရကေၾကာင့္ ထိုအဂၤါနံအလုပ္အေပၚ မွီခို၍ လုပ္ကိုင္ရာတြင္ မတည္ၿငိမ္ျဖစ္ၿပီး ပ်က္စီးရမည္ အမွတ္၇မွတ္လည္း ဆိုးေနေလရာ ထိုအဂၤါနံလုပ္ငန္းအား လုံးဝမလုပ္ဖို႔ တားျမစ္သတိေပးလိုက္ရသည္။
လင္ေယာက္်ား နဲ႕အဆင္မေျပ ကြဲကြာတတ္ေၾကာင္းကိုလည္း ႀကိဳတင္သတိေပးခဲ့ပါသည္။ တကယ္ကြဲမကြဲဆိုရာတြင္ အမ်ိဳးသားဇာတာျဖင့္ စစ္ရန္လိုပါသည္။
ထို႔ေၾကာင့္ ဉာဏ္ရွိေသာ္လည္း ကံမရွိပါက ထင္တိုင္းမေပါက္ လိုတိုင္းမေရာက္နိုင္ပါေပ ကံသည္အလုပ္ဟု ဆိုလိုက္ေသာ္လည္း အတိတ္ကံမပါပါက မည္သို႔မွ မေအာင္ျမင္နိုင္ပါ သို႔ရာတြင္ အတိတ္ကံပါေသာ္လည္း လက္ရွိပစၥဳပၸန္တြင္ လုံ႕လျပဳအားမထုတ္ပါက ထို႔အတူပင္
ဘုန္းကံျမင့္မားေသာ ေရွးျမန္မာမင္းမ်ား လက္ထပ္ကတည္းက ကိစၥတစ္ခုကို ေပါ့ေပါ့တန္တန္ မေဆာင္႐ြက္ခဲ့ပါ။ ကံၾကမၼာအား ႀကိဳတင္တြက္ခ်က္နိမိတ္ဖတ္ေစၿပီးမွ အဟန့္အတားအေႏွာင့္အယွက္မ်ားကို ယၾတာမ်ားျဖင့္ ေက်ာ္လႊားကာ ေဆာင္႐ြက္ခဲ့ၾကသည္ျဖစ္၍ ကြၽန္ုပ္တို႔လို ဘုန္းကံနည္းပါးသူမ်ားကပင္ ေဗဒင္ဆိုတာ အလကား ေကာင္းတာ လုပ္ရင္ေကာင္းတာ ျဖစ္မယ္ ကံဆိုတာ အလုပ္ ႀကိဳးစားရင္ ဘာမဆိုျဖစ္နိုင္သည္ဟု ေလာကီေလာကုတ္ ေရာေႏွာကာ ေသြဖယ္ေသာ အသိဉာဏ္မ်ားျဖင့္ ယုံၾကည္မႈမရွိပဲ ေဆာင္႐ြက္ၾကမည္ ဆိုပါလွ်င္ ေရျပင္ထက္၌ အ႐ုပ္ေရးသကဲ့သို႔ မထင္႐ုံမွ်သည္ ေတာ္ေသး၏ ၎ထက္ပို၍ နစ္နာဆုံးရႈံးမႈရွိပါလွ်င္မူ……
ဆရာ သိန္းထိုက္စံ
ဆန္းက်မ္းႏွင့္ နကၡတၱေဗဒ၊ ေဝဒသုေတသီ
တားေရာ့ႏွင့္ျမန္မာ့ရိုးရာေဗဒပညာရွင္
Subscribe to:
Post Comments (Atom)
No comments:
Post a Comment