Tuesday, October 29, 2019
တားရော့နဲ့ကိုယ်တွေ့ဖြစ်ရပ်များ ၂ (ထင်ရှားတိကျသောနိမိတ် )
တားရော့နဲ့ကိုယ်တွေ့ဖြစ်ရပ်များ ၂ (ထင်ရှားတိကျသောနိမိတ် )
ထိုင်းက တွက်နေကျ ပရိတ်သတ်တဦးမှ သူ့ဇနီးနဲ့ အဆင်မပြေဖြစ်ပြီးနောက်ပိုင်း သူ့ဇနီးမှ မြန်မာပြည်သို့ ပြန်မည်ဟုဆိုသည်။ အဲ့ဒီကိစ္စ အောင်မြင်သွားမလားဟု ကျွန်ုပ်ထံမေးလာသည်ဖြစ်၍. လက်စွဲတော် တားရော့ထုတ်လေးကို အားကိုးရပေတော့သည်။
မေးခွန်းကို အာရုံပြုပြီး ချိုးလိုက်သောအခါ ကျလာသောကဒ်သည် Wheel Of Fortune ဆိုသော ကံကြမ္မာလှည်းဘီး ကဒ်ပင်။
ကျွန်ုပ်က သူ့ဇနီးပြန်မယ့်ကိစ္စအောင်မြင်သွားနိုင်ကြောင်း ဟောပြောပြီး ယတြာချေခိုင်းခဲ့သည်။
Wheel Of Fortune ကဒ်သည် အပြောင်းအရွှေ့ ကိုကိုယ်စားပြုသည်။ လက်ရှိအခြေအနေမှ ပြောင်းလဲသော အနေအထားသို့ ရောက်သွားနိုင်သည့် ကဒ်ပင်ဖြစ်တာကြောင့် ကျွန်ုပ်လည်းစိုးရိမ်နေခဲ့သည်။
နောက်တရက်ကျတော့ လည်း ထိုသူက ထပ်ပြီးမေးပြန်သည် အဲ့ဒီခရီးစဉ်ပြတ်ပြီး သူ့ဆီပြန်လာမလား?
ချိုးလိုက်သောအခါလည်း Wheel Of Fortune
ကဒ်ပါပဲ ကျိန်းသေသွားပြီ ဘယ်လိုမှတားမရတော့ပါ ယတြာလည်းမကယ်နိုင်တော့ပါ။ ထင်ရှားတိကျတဲ့ နိမိတ်ဖတ်ခြင်းကို ဘယ်ယတြာကမှ မစွမ်းဆောင်နိုင် မပြောင်းလဲနိုင်ပါ။
ဟုတ်ပါတယ်. ညရောက်တော့ flight နဲ့ မြန်မာပြည်ကိုပြန်သွားပါတယ်လို့ သိရပါတယ်။
ဤသည်မှာ ထင်ရှားသောတားရော့ နိမိတ်ရဲ့ အံ့ဖွယ်တိုက်ဆိုင်မှုဟု ဆိုရမည်မဟုတ်တုံလော... ။
#သိန်းထိုက်စံ
တားေရာ့နဲ႕ကိုယ္ေတြ႕ျဖစ္ရပ္မ်ား ၂ (ထင္ရွားတိက်ေသာနိမိတ္ )
ထိုင္းက တြက္ေနက် ပရိတ္သတ္တဦးမွ သူ႕ဇနီးနဲ႕ အဆင္မေျပျဖစ္ၿပီးေနာက္ပိုင္း သူ႕ဇနီးမွ ျမန္မာျပည္သို႔ ျပန္မည္ဟုဆိုသည္။ အဲ့ဒီကိစၥ ေအာင္ျမင္သြားမလားဟု ကြၽန္ုပ္ထံေမးလာသည္ျဖစ္၍. လက္စြဲေတာ္ တားေရာ့ထုတ္ေလးကို အားကိုးရေပေတာ့သည္။
ေမးခြန္းကို အာ႐ုံျပဳၿပီး ခ်ိဳးလိုက္ေသာအခါ က်လာေသာကဒ္သည္ Wheel Of Fortune ဆိုေသာ ကံၾကမၼာလွည္းဘီး ကဒ္ပင္။
ကြၽန္ုပ္က သူ႕ဇနီးျပန္မယ့္ကိစၥေအာင္ျမင္သြားနိုင္ေၾကာင္း ေဟာေျပာၿပီး ယၾတာေခ်ခိဳင္းခဲ့သည္။
Wheel Of Fortune ကဒ္သည္ အေျပာင္းအေ႐ႊ႕ ကိုကိုယ္စားျပဳသည္။ လက္ရွိအေျခအေနမွ ေျပာင္းလဲေသာ အေနအထားသို႔ ေရာက္သြားနိုင္သည့္ ကဒ္ပင္ျဖစ္တာေၾကာင့္ ကြၽန္ုပ္လည္းစိုးရိမ္ေနခဲ့သည္။
ေနာက္တရက္က်ေတာ့ လည္း ထိုသူက ထပ္ၿပီးေမးျပန္သည္ အဲ့ဒီခရီးစဥ္ျပတ္ၿပီး သူ႕ဆီျပန္လာမလား?
ခ်ိဳးလိုက္ေသာအခါလည္း Wheel Of Fortune
ကဒ္ပါပဲ က်ိန္းေသသြားၿပီ ဘယ္လိုမွတားမရေတာ့ပါ ယၾတာလည္းမကယ္နိုင္ေတာ့ပါ။ ထင္ရွားတိက်တဲ့ နိမိတ္ဖတ္ျခင္းကို ဘယ္ယၾတာကမွ မစြမ္းေဆာင္နိုင္ မေျပာင္းလဲနိုင္ပါ။
ဟုတ္ပါတယ္. ညေရာက္ေတာ့ flight နဲ႕ ျမန္မာပျည္ကိုျပန္သြားပါတယ္လို႔ သိရပါတယ္။
ဤသည္မွာ ထင္ရွားေသာတားေရာ့ နိမိတ္ရဲ႕ အံ့ဖြယ္တိုက္ဆိုင္မႈဟု ဆိုရမည္မဟုတ္တုံေလာ... ။
#သိန္းထိုက္စံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment