Tuesday, October 29, 2019

မမှည့်ကောင်းသောနာမည်များ


မမှည့်ကောင်းသောနာမည်များ

  မိမိမွေးနံအရင်းခံပြီး  ဆပွတ်နံဖြင့် အဆုံးသတ်သောအမည်များ မမှည့်သင့်ပါ။

 နာမည်အစအလုံးနဲ့နောက်ဆုံးအလုံးကိုကြည့်ပါ

 တနင်္ဂနွေသားသမီးဆိုလျှင် အ ဦး သြ နဲ့စ၍  သောကြာနံ သ ဟ နဲ့ဆုံးသော အမည်များ ဥပမာ- အောင်သိန်း သြရသ /အေးသိန်း အေးသန်း စသည်>>>

 တနင်္လာသားသမီးဆိုလျှင် က ခ ဂ ဃ ငနဲ့စ၍ စနေနံ တ ထ ဒ ဓ န နဲ့ဆုံးသော အမည်များ  ဥပမာ - ခိုင်ထူး ခင်ထွန်း ကျော်ဝင်းထွန်း ခင်မေထွန်း ခင်မောင်ထွန်း ကျော်ကျော်နိုင် စသည်...

 အင်္ဂါသားသမီးဆိုလျှင် စ ဆ ဈ ဇ ည နဲ့စ၍ တနင်္ဂနွေနံ အ ဦး သြနဲ့ဆုံးသော အမည်များ  ဥပမာ - စုစုအောင် ဆန်းမင်းအောင် ဇော်ဇော်အောင်  စသည်...

 ဗုဒ္ဓဟူး သားသမီးဆိုလျှင် ရ ယ လ ဝ နဲ့စ၍ တနင်္လာနံ က ခ ဂ ဃ င နဲ့ဆုံးသော အမည်များ    ဥပမာ - ဝင်းကျော် ဝင်းခိုင် စသည်...

 ကြာသပတေးသားသမီးဆိုလျှင် ပ ဖ ဗ ဘ မ နဲ့ စ၍ အင်္ဂါနံ စ ဆ ဇ ဈ ည နဲ့ဆုံးသောနာမည်များ
 ဥပမာ -  မြင့်မြင့်စန်း မြမြစန်း မြမြဆွေ  မေစံပယ်ညို   စသည်...

 သောကြာသားသမီးဆိုလျှင်  သ ဟ နဲ့စ၍ ဗုဒ္ဓဟူးနံ ရ ယ လ ဝ နဲ့ ဆုံးသော နာမည်များ  ဥပမာ - သန်းဝင်း  သင်းသင်းလှိုင် သင်း__လှိုင် သိန်းဝင်း  သုဝေလှိုင်  စသည်...

 စနေသားသမီးဆိုလျှင် တ ထ ဓ ဒ န နဲ့စ၍ ကြာသပတေးနံ ပ ဖ ဗ ဘ မ နဲ့ဆုံးသော နာမည်များ ဥပမာ - တင်မြင့် ထွန်းမြင့်  နှင်းမောင် နေမင်း  နိုင်မင်း  စသည်...

  ကျနော် လေ့လာမိသလောက်ပြောရမယ်ဆိုရင် ဒီလိုအမည်ပိုင်ရှင်တွေဟာ  ဘဝမှာ ကံဇာတာ အကြီးအကျယ်ပြောင်းလဲမှုရှိတယ်   တချို့ဟာ မကောင်းတဲ့ကံအကျိုးသက်ရောက်မှု လွှမ်းမိုးခံရတယ် ဥပမာ မပျောက်ကင်းနိုင်တဲ့ရောဂါ  / စီပိုး ဘီပိုး /ဆီးချို သွေးချို သွေးကင်ဆာ နာတာရှည်ရောဂါများကို အသက်ငယ်ငယ်နဲ့ခံစားရတတ်တယ် ယေဘုယျသဘော ပြောတာပါ  မဖြစ်တဲ့သူတွေလဲရှိပါတယ်   တချို့ကျ  လုပ်ကိုင်သမျှတွေ အဆင်မပြေတာ  အမြဲတမ်းစိတ်ညစ်နေရတာ တွေရှိပါတယ် မဟာဘုတ်အောက်တန်းဖွားတွေနဲ့ ပါပဂြိုဟ်ဖွားတွေအတွက် ပိုမို အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

 မှည့်သင့်တာကတော့ မွေးနံ အရင်းခံ နောက်ဆုံးပဉ္စပွတ်သတ် နဲ့
 ပဉ္စပွတ် ဆပွတ် အညွန့် နာမည်များ ကို ရွေးချယ်တတ်ရပါမယ် ဒါတောင် ပက္ခတ်မိမမိတွေ တိုင်ဇောက်ထိုးဖြစ်မဖြစ်တွေကို ဝေဖန်ဆန်းစစ်ရပါသေးတယ်  ဘယ်အရာမှ ခြောက်ပစ်ကင်း သဲလဲစင် မဖြစ်ပါဘူး။  ကောင်းတဲ့ဟာနဲ့ ပိုကောင်းတဲ့ဟာရွေးရမယ်ဆို ပိုကောင်းမယ့်ဟာကိုသာ ရွေးပေးလိုကြတာ ဆရာတွေရဲ့ ဆန္ဒပါ။
   နာမည်ကောင်းတစ်ခုဖြစ်တည်လာဖို့ လွယ်လွယ် မရနိုင်ကြောင်း ပြောကြားလိုက်ပါရစေ~~~

    မှတ်ချက် - မိတ်ဆွေများထဲမှ အမည်တူများပါခဲ့သော် နားလည်ခွင့်လွှတ်ပါရန်~~~               

               သိန်းထိုက်စံ(ဂမ္ဘီရလောကီပညာ)
            1.11.2017 စာပြီးချိန် 10:57AM
















No comments:

Post a Comment