Monday, September 2, 2019

အလွန်အစွမ်းထက်သော အမြစ်အညွန့်ယတြာအသုံးချနည်း


Uni Code

  သင်ဘယ်အခက်အခဲထဲ ပါနေပြီလဲ? 

(၁)အမှုအခင်း ဖြစ်နေသူများ

(၂)အတိုက်အခံကြုံ၍ အခက်အခဲတွေ့နေသူများ

(၃)ကျန်းမာရေးအလွန်ညံ့၍ နလန်မထူသူများ

(၄)အလုပ်ပြုတ်တော့မလို ဖြစ်နေသူများ

(၅)မိမိက မပြောင်းရွှေ့လိုပဲ ပြောင်းရွှေ့ရန်အကြောင်းပေါ်နေသူများ

(၆)မိမိက ပြောင်းရွှေ့လိုသည်၊ ထွက်လိုသည်၊ ပြောင်းရွှေ့ခွင့်မရ ထွက်ခွင့်မရသူများ၊

(၇)ဘေးဥပါဒ်များသောနေရာသို့ သွားရန် ရှိနေသူများ

(၈)နိုင်ငံခြား ထွက်ရန်ကြိုပမ်းသော်လည်း အကြောင်းအမျိုးမျိုးနှင့် ထစ်ငေါ့နေသူများ။

(၉) စာမေးပွဲဖြေ/ရာထူးတိုးဖြေရန်ရှိသူများ

(၁၀)ဘယ်ကိစ္စမဆို မိမိကံအထောက်အပံ့ရလိုသော်
    ဒီယတြာကို ပြုလုပ်ပေးပါ---

#တနင်္ဂနွေသားသမီး များအတွက်  တနင်္ဂနွေနေ့မနက် ၉နာရီ ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော အင်္ဂါနေ့  မနက်၁၀ခွဲမှ၁၂နာရီအတွင်း   ဒန်းကြီးညွန့် ၂၅ညွန့်ကို  ပန်းအိုးနဲ့ပြင်၍ သောကြာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။ ဒါန်းကြီးမရပါက နှင်းဆီ သို့ ဒေါနပန်း ၁၀ပွင့်နဲ့ ကံ့ကော် သို့ ဂန္ဓမာ ၁၅ညွန့်ကို ရေးထိုးပေးပါ   ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ  

#တနင်္လာသားသမီးများ အတွက် တနင်္လာနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း   သြဇာညွန့် ၁၄ညွန့်ကို ပန်းအိုးနဲ့ပြင်၍  စနေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ  

#အင်္ဂါသားသမီးများ အတွက်  အင်္ဂါနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ကြာသပတေး မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း  ခရေ ၃၂ညွန့်ကို ပန်းအိုးနဲ့ပြင်၍ တနင်္ဂနွေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။  

#ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက် ဗုဒ္ဓဟူးမနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော  သောကြာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း စိန်ပန်း ၂၅ညွန့် ကို ပန်းအိုးနဲ့ပြင်၍ တနင်္လာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။

#ကြာသပတေး သားသမီးများအတွက် ကြာသပတေးနေ့  မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော စနေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း လောက်သေ ၃၈ညွန့်ကို  ပန်းအိုးနဲ့ပြင်၍ အင်္ဂါသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။  ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။

#သောကြာ သားသမီးများအတွက်  သောကြာနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္ဂနွေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း  ပိတောက် ၂၉ညွန့်ကို ပန်းအိုးနဲ့ပြင်၍ ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။ 

#စနေ သားသမီးများအတွက် စနေနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္လာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း သစ်အယ်ညွန့်၂၇ညွန့် သို့မဟုတ် သင်အူ ၂၇ညွန့်ကို ကြာသပတေး သားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။  ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။

 #မှတ်ချက် ###  ဘုရားစင်တင်လှူထားသောပန်းအိုး ကို လုပ်သည့်နေ့မှစ၍ ၂၁ရက် မထိမကိုင်ရ နေရာပြောင်းရွှေ့ခြင်း ရေအသစ်လဲခြင်း မပြုလုပ်ပဲ ထားရမည်။  ကိုယ်စားလုပ်ပေးမည့်နေ့သားသည်  မိမိနဲ့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပတ်သက်သည့်နေ့သားအား ခေါ်ယူလုပ်ဆောင်နိုင်သည်။ မိမိ အခက်ခဲကို ပြေလည်စေကြောင်းဆုတောင်းရမည်။ လိုအပ်ရင် ထိုယတြာကို သုံးကြိမ်အထိလုပ်နိုင်သည်။ဘေးထွက်ဆိုးကျိုးမရှိသောကြောင့် ယုံကြည်စိတ်ချစွာပြုလုပ်နိုင်ပါသည်။

               ဆရာသိန်းထိုက်စံ    
 ဆန်းကျမ်းနှင့် နက္ခတ္တဗေဒ၊ ဝေဒသုတေသီ
   တားရော့နှင့် မြန်မာ့ရိုးရာဗေဒပညာရှင်
09790 863 376 /09 6940 83814

နေ့စဉ်ဗေဒင်နဲ့ပတ်သက်သမျှဖတ်ရှုလိုပါက Page အား  Like & Follow or See First လုပ်ထားပါ။

Zawgyi Code





















               ဆရာသိန်းထိုက်စံ    


No comments:

Post a Comment