ရှေးလူကြီးတွေပြောကြားခဲ့တဲ့စကားတွေဟာ လွန်စွာ အသုံးဝင်နေကြောင်း ဗေဒင်ပညာတွင် တွေ့ရှိရသည်။အာစရိယ သြဝါဒအရ သက်ရောက်ဇာတာတွင် ငွေနံကို အပါဒါနကပ်သော် မရှိရှိတာ ချရောင်းလိုက်လို့ဝင်တာ တခုကို စွန့်လွှတ်ပြီး ဆုံးရှုံးနစ်နာမှု ကြောင့် လျော်ကြေးရတာ လူသေလို့ကူငွေရတာမျိုး တခုခုဆုံးရှုံးပြီးမှ ရတဲ့ငွေဝင်ကိန်းမျိုးဖြစ်သည်။
ငွေနံအားကမ္မ ကာရကကပ်ပြီး အမှတ်ဆိုးပါက ငွေသည် အလုပ်ကိစ္စကြောင့်ရခြင်း သူများပြဿနာကြောင့်ရခြင်း ရန်ဖြစ်ပြီးအကြွေးပြန်တောင်းယူရခြင်း ပြဿနာတစုံတရာရှင်းလင်းပြီးမှရခြင်း ငွေဝင်ပြီးမကြာမီ အိမ်တွင်းရေးရန်နှင့်ပြင်ပရန်များ ပေါ်လာစေခြင်းတို့ကိုဖြစ်စေသည် ကမ္မကာရကကပ်၍ ဝင်ခြင်းသည် ပြဿနာ အခက်အခဲ မကင်းသောဝင်ခြင်းဖြစ်သည်။
ငွေနံအား အာလပ္ပန ကာရကကြောင့်ကပ်၍ အမှတ်ဆိုးပါက ပို၍ ပြင်းထန်ပါလိမ့်မည် ငွေဝင်ပြီးသေကုန်သူတွေ ထီပေါက်ပြီး ဝမ်းသာလုံးစို့သေသူတွေ ဤ နည်းဖြင့် စပ်ဆက်နေတယ် ငွေဝင်တိုင်းကောင်းတယ် မထင်လေနှင့် သတ်မဲ့ငွေ ဘဝပျက်မဲ့ငွေ အဲလိုဖြစ်ကြရသူတွေအများကြီးရှိပါသည်။ ထို့ကြောင့် ထီမထိုးသင့်သည့် နှစ်များလည်းရှိပါသည်။
ထို့နောက် အလကားရတိုင်းမယူအပ် နံများဖြစ်သည့် နိစ် ပြဋ္ဌာနများတွင်ရှိသော အတွဲများကို မယူအပ် အခငွေဖြင့် ဝယ်ယူ၍ ရသော်လည်း သူတပါးမှ လက်ဆောင်ပေးသည့် ပစ္စည်း သည် နိစ်ပြ ဋ္ဌာနမှာ အတွဲများဖြစ်ပါက ခိုက်တတ်ပါသည်။ ဥပမာ နိစ်ပြ ဋ္ဌာနတွင် ၁၂ အတွဲ အကျၤ ီ လက်ဆောင်ရသော် အကြော် အီကြာကွေး ပြန် လှူပေးရသည်။ သို့မဟုတ် စတိသဘော အနည်းငယ် ငွေပြန်ပေးရမည် ဝယ်ယူသည့်သဘောပင်။
အစားအစာလည်း ထိုအတူပင် နိစ်ပြ ဋ္ဌာနတွင်ရှိသော အတွဲအစားအစာများအား မစားအပ်ပေ ဘေးဥပါဒ် သင့်တတ်ပေသည်။
ထို့ကြောင့် ငွေဝင်တိုင်း အလကားရတိုင်း ကောင်းတယ် မထင်ပါနှင့် မပျော်ပါနှင့် မိမိရောက်ရှိနေသော အသက်အပိုင်းအခြား သက်ရောက်ဆန်းဇာတာတွင် ကောင်းကျိုးဆိုးကျိုး ရှိပါသည်။ ယေဘုယျ အကြမ်းဖျဉ်း တွက်စစ်မရပါ တဦးချင်းဇာတာအလိုက် သီးသန့်တွက်စစ်မှသာ သိနိုင်မည် ဖြစ်သည်။
#သင်ဆရာအားဂါရဝပြုပါသည်။
ဆရာသိန်းထိုက်စံ
ဆန်းကျမ်းနှင့် နက္ခတ္တဗေဒ၊ ဝေဒသုတေသီ
တားရော့နှင့် မြန်မာ့ရိုးရာဗေဒပညာရှင်
09790 863 376 /09 6940 83814
No comments:
Post a Comment