Saturday, September 7, 2019
ဂါထာ မန္တန် ရွတ်ဆိုရာ၌ ပိုမိုထိရောက် အစွမ်းထက်လိုသော်
      နှစ်ရှည်လများ  ဂါထာမန္တန်တွေ ရွတ်ဖတ်ကြ အဓိဌာန်တွေတင်ကြသည်  သို့သော်  အစွမ်းမထက်ကြ  အကျိုးမရှိကြသည်မှာအဘယ်ကြောင့်နည်း?  ကျနော်သိသလောက်နဲ့ ဆရာများဆီမှ မှီငြမ်းပြုစုထားသော အရာများကို ပြောပြပေးပါမယ်   လိုအပ်တာဖြည့်ပေးကြပါ ဆရာများခင်ဗျာ...
      ဂါထာမန္တန်ရွတ်ဆိုရာတွင် ပေါ့ပါးသိမ်မွေ့စွာ ရွတ်ဆိုရသော ဗျည်း / လေသံခပ်ပြင်းပြင်းဆောင့်၍ ရွတ်ဆိုရသော ဗျည်း နှင့်  မိမိတို့  အလိုရှိတဲ့ အသံတိုင်း ရွတ်ဆိုရသော သရ  ဆိုပြီး အကြမ်းဖျင်း သုံးခုရှိတယ်လို့ မှတ်သားဖူးပါတယ်
   ~အသံမာမာဖြင့်ရွတ်ဆိုရသော ဗျည်း၁၀လုံး~
        ခ ဃ  ဆ ဇ  ဈ ဌ  ဎ ထ  ဖ ဘ
စသည့်ဗျည်းအက္ခရာ များကိုတော့  လေသံပြင်းပြင်း ဆောင့်၍ရွတ်ဆိုရမည်။
  ~ပေါ့ပါးသိမ်မွေ့စွာရွတ်ဆိုရသောဗျည်း၁၅လုံး~
       ကဂင စဇည ဋဍဏ တဒန ပဗမ
စသည့်ဗျဉ်းများကို လေသံပျော့ပျော့ဖြင့်ရွတ်ဆိုရမည်ဖြစ်သည်။ 
   ~အလိုရှိတိုင်းရွတ်ဆိုနိုင်သော သရ၁၄လုံး~
 အ အာ ဣ ဤ ဥ ဦ ဧ အဲ သြ သြော် အံ အား အို အုံ 
  စသည်တို့ကိုတော့  လေသံပျော့နဲ့ဖြစ်စေ လေသံမာနဲ့ဖြစ်စေရွတ်ဆိုနိုင်ပါသည်။
    လေယူလေသိမ်း မှန်မှန်ဖြင့်  အထက်ပါ ဖော်ပြထားသည့် အတိုင်း ရွတ်ဆိုပါမှ ဂါထာမန္တန် အစွမ်းထက်မည်ဖြစ်ပြီး အကျိုးပေးလျှင်မြန်မည်ဖြစ်သည်။  ပရိတ် ပဋ္ဌာန်း ဓမ္မစကြာ တို့ကိုတော့  ခွဲခြားရွတ်ရန်မလိုအပ်ပေ။  ထိုကြောင့် မိမိသည် ဂါထာမန္တန်တစ်ပုဒ်ကို ရွတ်ဆိုတော့မည်ဆိုရင်  အရင်ဆုံး အဖြတ်အတောက် မှန်ကန်ရမည်။ လေယူလေသိမ်းမှန်ရမည်  အသံပျော့အသံမာခွဲခြားရွတ်ဆိုရမည်။ သို့မှသာ ထိရောက် အစွမ်းထက်မည်ဖြစ်သည်။ 
      ယုံကြည်ရင် ယုံကြည်တဲ့အကျိုး ရမည်။
                     သိန်းထိုက်စံ(ဂမ္ဘီရလောကီပညာ)
        ခ ဃ  ဆ ဇ  ဈ ဌ  ဎ ထ  ဖ ဘ
       ကဂင စဇည ဋဍဏ တဒန ပဗမ
အနာရောဂါရခြင်းဆိုင်ရာ အထက်နံများ
 တနင်္ဂနွေသားသမီးတို့သည်။
 သောကြာ တနင်္လာ ကြာသပတေးနေ့များတွင် ရောဂါရပါက နာတာရှည်တတ်လေသည်။ အထက်နံနေ့ရောဂါရခြင်းသည် နာတာရှည်ခြင်းပြင်းထန်တတ်ခြင်းကိုပြရာ၌ ဆပွတ်နေ့သည် အဆိုးဆုံးဖြစ်လေသည်။ တနင်္ဂနွေ သားသမီးတို့သည် သောကြာနေ့ဖျားနာခဲ့ပါသော် ပြင်းထန်တတ်သည် ကြာရှည်တတ်သည်။ တနင်္လာသားသမီးတွေဟာ စနေနေ့စဖျားနာရောဂါစရမယ်ဆိုရင်ပြင်းထန်တတ်တယ်။ ကြာရှည်တတ်တယ်။
အင်္ဂါသားသမီးတွေ တနင်္ဂနွေနေ့ရောဂါစရရင် ကြာရှည်ခြင်းပြင်းထန်ခြင်းဖြစ်တတ်တယ်။
ဗုဒ္ဓဟူးသားသမီးတွေဆို တနင်္လာနေ့
ကြာသပတေးသားသမီးတွေဆို အင်္ဂါနေ့
သောကြာသားသမီးတွေက ဗုဒ္ဓဟူးနေ့
စနေသားသမီးတွေဆို ကြာသပတေးနေ့
 ဒီသဘောတွေသိထားရမယ်။ အထက်၃လုံးနေ့တို့မှ စတင်စွဲကပ်လာသောရောဂါကိုကား ဂရုပြုကြဖို့လိုပါမယ်။ အထူးသဖြင့် ပဉ္စပွတ် ဆပွတ်ရက်တွေဟာ ပြင်းထန်သောရောဂါစဖြစ်လာတတ်စေတယ်။ အင်္ဂဝိဇ္ဇာပညာမှာ အပေါ် ၃လုံးမြင်တိုင်း ကောင်းမယ်မထင်ကြနဲ့ သေချာလေ့လာထားဖို့လိုပါတယ်။
#သိန်းထိုက်စံ
Zawgyi code
#သိန်းထိုက်စံ
Monday, September 2, 2019
ဖက်ဖူးရောင်_အောင်အိုးအဓိဋ္ဌာန်(လပြည့်ညအတွက်)
 လိုအပ်တာက ရေတကောင်းအိုးဆို ပိုကောင်းပါတယ် လည်ပင်းရှည်ရှည်နဲ့ အိုးပေါ့  အဲ့ဒီမြေရေတကောင်းအိုးကို ဖက်ဖူးရောင် (အစိမ်းနု)လေး သုတ်ပါ… ဘုရားက နိဗ္ဗာန်ကုန်ရောင်းတဲ့ ဆိုင်တွေမှာ ရှိပါတယ် အဲ့ဒီမှာ တစ်ခါတည်း သုတ်ခိုင်းလို့ရပါတယ်   ပြီးရင်
 အဲ့ဒီအိုးကို ဖုံးဖို့ စတီးပန်းကန်ပြား အသေးလေးလိုပါတယ်
 ရေသောက်ဖို့ ခွက် အနေနဲ့ ကြေးခွက်ကိုသုံးပါ။
 ဆေးသုတ်ပြီး ခြောက်သွားရင်   အိုးအတွင်းကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ  ကျွန်တော်သုံးတုန်းကဆို  ရေသောက်ရင်  သုတ်ဆေးအနံ့တွေ နံပါတယ် ဒါကြောင့် ဆေးခိုင်းတာပါ…
အားလုံးပြည့်စုံပြီးဆိုရင်   လပြည့်ည တိမ်ကင်းစင်တဲ့ အချိန် ဘယ်အချိန်ဖြစ်ဖြစ် လုပ်လို့ရပါတယ် ညနက်လာလေ ပိုကောင်းပါတယ်…
  အဲ့ဒီအိုးလေးကို သောက်ရေအပြည့်နီးပါးထည့်ထား၍  အဖုံးဖွင့်ထားပြီး လက်ထဲမှာ ကိုင်မြှောက်ထားပြီး……
"ကောင်းကင်ထက်မှာ ရှိနေကြတဲ့ နတ်မြတ် နတ်ကောင်း အပေါင်းတို့ ခင်ဗျား  ကျွန်ုပ်သည် ဒီဖက်ဖူးရောင် အောင်အိုး အဓိဋ္ဌာန်ကို  တလတိတိ ဝင်ပါမည်။ ထိုအတွက်ကြောင့် ဒီအောင်အိုးလေးထဲကို  လာဘ်လာဘ သိဒ္ဓိများ ထည့်ပေးတော်မူပါ ထည့်ပေးတော်မူပါ ထည့်ပေးတော်မူပါ  ကျွန်ုပ်သောက်သော ရေများသည်လည်း  သိဒ္ဓိအပေါင်းတို့ဖြင့် ပြည့်နှက်နေပါစေသတည်း………" လို့လေးလေးနက်နက်ပြောရပါမယ်… ကိုယ်တစ်ကြိမ်ပြောလို့ အားမရဘူးဆိုရင် အားရလောက်အောင်  ပြောပါ  စိတ်ထဲမှာလည်း   တန်ခိုးသိဒ္ဓိတွေ အိုးထဲ ဝင်နေပြီလို့  မှတ်ယူတွေးတောနေရပါမယ်…
 ပြောပြီးသွားရင်  အိုးလေးကိုအဖုံးပြန်ဖုံးပြီး  ဘုရားစင်မှာ ထားပါ  အမြဲတမ်း အဲ့ဒီရေကို သောက်ပါ  ကိုယ်ကလွဲပြီး ဘယ်သူမှ မသောက်ပါစေနဲ့ … ရေကို တနေ့တစ်အိုးကုန်အောင် သောက်ရပါမယ်…နောက်လပြည့်ည အထိ သောက်ပါ ထပ်ပြီး ဝင်မယ်ဆိုရင် ဒီပုံစံအတိုင်း  ဝင်ပါ… ဦးဆုံးညကရေကိုတော့  ကုန်အောင်သောက်ဖို့မလိုပါဘူး … နောက်နေ့တွေမှာတော့ ကုန်အောင်သောက်ပါ  ဂုဏ်တော်ကိုးပါးကို  အမြဲ ရွတ်ဆိုဖို့ မမေ့ပါနဲ့… စီးပွားလာဘ်လာဘတွေပွင့်လန်းလာပါလိမ့်မယ်။
  #ယုံကြည်ရင်_ယုံကြည်တဲ့အကျိုးရမည်။
#သိန်းထိုက်စံ
#သိန်းထိုက်စံ
ယတြာ မထိရောက်ပါက ဤသို့ပြုလုပ်ပါ
ယတြာ မထိရောက်ပါက ဤသို့ပြုလုပ်ပါ…
>ခင်ပွန်းကြီး ၁၀ပါးကန်တော့တောင်းပန်ပါ။
>အိမ်တွင် ဖိနပ်စုတ် ထီးစုတ်များမထားရ စွန့်ပစ်ပါ။
>ပန်ကန်းကွဲ မှန်ကွဲ ဖန်ကွဲများ စွန့်ပစ်ပါ မှန်ကွဲဖြင့် မကြည့်အပ်။
>ဘူးစုတ် ပလုံးစုတ်များစွန့်ပစ်ပါ/ရောင်းပါ။(ကြာသပတေးနေ့)
>ကြွက်ပေါက ငွေကုန်လွယ်သည့်အတွက် အမှိုက်သရိုက်များမရှိစေရ။
>ဘုရားကျောင်းဆောင် သန့်ရှင်းစွာထားပါ ရေ/ပန်း အမြဲအသစ်လဲလှယ်ပါ။
>မိမိအသုံးအဆောင် သဘက် ပုဆိုး အကျၤ ီ ထဘီတို့ဟောင်းနွမ်းသော်လည်း ခြေသုတ်ဝတ်မလုပ်ရ မှန်မတိုက်ရ ကားမသုတ်ရ။
>ယတြာချေတဲ့စင် သပ်သပ်ထားပါ။
 ဘုရားကျောင်းဆောင်ပေါ်တွင် ဆွမ်း ခဲဖွယ်ဘောဇဉ် ချိုချဉ် ပန်း ရေချမ်း ဆီမီး ဖယောင်းတိုင်နှင့်ဆိုင်သော ယတြာပစ္စည်းတို့မှလွဲ၍ မထားအပ် မချေအပ်  အချို့ယတြာများသည် မီးဖိုချောင်သုံးပစ္စည်းများပါဝင်သည့်အတွက် မသင့်လျော်ပါ။
 #ထိုကဲ့သို့ဦးစွာလုပ်ဆောင်ပြီးမှသာ 
>ဆရာများ ပေးတဲ့နေ့ရက်နဲ့အချိန်တို့မလွဲအောင်ယတြာပြုပါ မလောရ နောက်မကျစေရ သတ်မှတ်ချိန်သာဖြစ်ပါစေ (အဆင်မပြေက ပြန်ညှိတိုင်ပင်ပါ)
အောင်မြင်ကြပါစေ…
        ဆရာ သိန်းထိုက်စံ
ဆန်းကျမ်းနှင့် နက္ခတ္တဗေဒသုတေသီ
တားရော့နှင့် မြန်မာ့ရိုးရာဗေဒ ပညာရှင်
>မိမိအသုံးအဆောင် သဘက် ပုဆိုး အင်္ကျီ ထဘီတို့ဟောင်းနွမ်းသော်လည်း ခြေသုတ်ဝတ်မလုပ်ရ မှန်မတိုက်ရ ကားမသုတ်ရ။
အောင်မြင်ကြပါစေ…
        ဆရာ သိန်းထိုက်စံ
ဗေဒင်မေးသူ၌ လိုရာဆန္ဒမပြည့်ဝခြင်းများဘာကြောင့်ရှိနေသလဲ?
 ဗေဒင်မေးသူတွေမှာ လိုအပ်ချက်တွေ ရှိနေပါတယ် 
မရိုမသေ မေးခြင်းစမ်းသပ်လို၍ မေးခြင်း
မယုံကြည်၍ မေးခြင်း
ပြသနာရှာလို၍ မေးခြင်း
ခိုင်းသောယတြာသေချာမလုပ်ခြင်း
ဆရာတယောက်၏ ပညာကို အခြားဆရာရှေ့တွင်အတင်းပြောခြင်း
ဖြစ်သင့်သည့်ကာလကို မစောင့်ခြင်း
လောဘဦးစီး၍ မလုပ်နှင့်ဆိုသောအရာ မရမကလုပ်ခြင်း 
မိမိဘက်မှ သဒ္ဓါ သီလ စာဂ ပညာ  ဤ ၄ ချက်ကို  ကျင့်ကြံမှုအားနည်းခြင်း
 စသည့်အချက်တွေဟာ  ဟောသလောက်မထိရောက်စေရန် ဟန့်တားပါလိမ့်မည်။
  လူနာတယောက်သည် ဆေးကောင်းပေါင်းများစွာကို တပြိုင်နက်သောက်ရန်မသင့်လျော်သလို  ဗေဒင်မေးသူတို့မှာလည်း ဆရာပေါင်းစုံ၏ အစီအရင်များကို အတိုင်းအတာကာလတခုအတွင်း  တပြိုင်နက်မပြုလုပ်အပ်ပါ အနာဒဏ်ထက် ဆေးဒဏ်ခံရ၍ ပိုဒုက္ခရောက်ရသည့် ဥပမာကဲ့သို့တည်း။
  ဖြစ်လာမည့်ကာလမရောက်မီ  စေတနာပါပါဟောထားသောဆရာအပေါ်၌ ကဲ့ရဲ့ပုတ်ခတ်မိလေသော် ကောင်းကျိုးဆိုလျင်ပယ်သွား၍  ဆိုးကျိုးများလည်းမရှောင်နိုင်ပဲ တိုးလာတတ်သည်။  ဗေဒင်မေးတော့မည်ဆိုရင် ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး အနည်းလေးတော့ ရတနာ၃ပါးလောက်တော့အာရုံပြုထားပါ။  မည်သည့်အလုပ်မဆို ဖြစ်သလိုလုပ်မိခဲ့ပါသော် မတင်မကျဖြစ်ရတတ်သည်ကို  ဤပို့စ် ဖြင့် ပညာပေးဖြန့်ဝေလိုက်ရပါသည်။
#သိန်းထိုက်စံ
မယုံကြည်၍ မေးခြင်း
#သိန်းထိုက်စံ
အိမ်တွင်းရေး အိမ်ထောင်ရေး မသာယာတော့ဘူးဆိုရင်
ဘာယတြာချေမလဲ မကွဲခင်ကြိုချေရမှာနော် ကွဲမှချေရင် မထိရောက်ဘူး နည်းပြောလိုက်မယ် သူ့ရဲ့အမြစ်ညွန့်နံ ၃ညွန့် ကိုယ့်ရဲ့အမြစ်ညွန့်နံ ၃ညွန့် ပေါင်းပြီး မွေးနေ့၂ခုတို့တွင် အိမ်ဘုရားမှာလှုလိုက်ပါ အဲဒါမျိုး အကြိမ်များအောင် ချေနေရင် ပြန်ချစ်သွားကြလေသတတ် 
 အေးကွဲသွားပြီးမှ ပြန်ဆက်မယ်ဆိုရင် ဆက်လို့ရပေမယ့် အနာရွတ်နဲ့ဒဏ်ရာတော့ ကျန်မှာပဲ  ကွဲသွားတာကြွေပန်းကန်ဖြစ်နေရင် ပြန်ဆက်လို့ မလွယ်တဲ့သဘော ကွဲသွားပြီးမှ ချေရတဲ့ယတြာ ဟာ မကွဲခင်က ချေသလို မထိရောက်ဘူး ထိရောက်မှုလည်းနည်းတတ်တယ်။ ကွဲတယ်ဆိုတာ ကာလ ကြောင့်လား ပယောဂကြောင့်လား ပုဂ္ဂိုလ်ကြောင့်လား ဥပနိဿယ ၄မျိုးမှာ ၃မျိုးကြောင့် သာကွဲကြတယ် ဥတုကြောင့်ကွဲတာ သိပ်မတွေ့မိဘူးပေါ့ ဒါပေမယ့် အဲအကြောင်းကလည်း ကွဲစေတတ်သေးတာပဲ အပူဥတုအချိန် အပူစာ လှိမ့်ချက်လို့ စကားများရာက ကွဲတာတွေရှိတာပဲ ဒါပေမယ့် အဖြစ်နည်းတယ်။ ပုဂ္ဂိုလ်  နေရာ ၂မျိုးတို့ ၏ ဘေးပယောဂ ကြောင့်  ကွဲကြသည်ဟူ၍မှတ်ပါလေ 
အိမ်ထောင်ကွဲခြင်း၌ကာလ ဆိုတာ ရှိတယ်  အပြီးကွဲ အတန်ကြာကွဲ ခဏကွဲဟူ၍ အကွဲ ၃ကွဲရှိလေသည်  ဘယ်ပုံစံကွဲမည်ကိုဆုံးဖြတ်ယူကြရလိမ့်မယ်  တနှစ်ပဲ ကွဲရမယ့်လူဟာ တနှစ်မပြည့်မချင်း လျောက်ပြီးလုပ် ပင်ပန်းမှာပဲ  အချို့လင်မယားများပြန်ပေါင်းရပုံမှာ တဖက် လူ က အသုံးမပြုချင်တော့မှ အိမ်ထောင်ဖက်ဆီပြန်လာကြတယ်  မိန်းမရယ်ယောကျ်ားရယ်မဟုတ်ဘူးနော် လောကမှာ သစ္စာရှိသူ မရှိသူ တွဲနေမှာပဲ ဒီတော့ ကွဲကိန်းမရှိသူကို မရှိဘူးဟော ကိန်းသာမရှိပေမယ့် လက်တွေ့ကွဲနေပါတယ်ဆို ပြန်ကိုပေါင်းရပါတယ်။
၃ဒွယ၆ဒွယနှင့် မွေးနံဒွယ ကပ်ခြင်းသည် ဖေါက်ပြန်တတ်လေသည်  မရဏ ကိစ္ဆကပ်ရင်ကွဲတတ်လေတယ်  ဒွယကပ်ရင် လင်ကြီးကောလင်ငယ်ကောအပြတ်မခံ   ၃၆နံကို   ကတ္တုကပ်ရင် အကြိမ်ကြိမ်နှိပ်ဆက်ခံရတဲ့အိမ်ထောင်ရေး သေမှပဲအပြီးကွဲတယ်   ၃၆နံ  ၃မျိးကို သမ္ပဒါနကပ်ပါက ကွယ်ရာဖေါက်ပြန်  ကုတ်ကမျင်း ၃၆နံတို့သြကာသ ကပ်က အိမ်ထောင်တည်မြဲလေသည်  ၃၆နံတို့ကို အပါဒါန ကပ်ပါက ခွဲခွာရမည်။
 ဆရာသိန်းထိုက်စံ
09790863376
09694083814
အိမ်ထောင်ကွဲခြင်း၌ကာလ ဆိုတာ ရှိတယ်  အပြီးကွဲ အတန်ကြာကွဲ ခဏကွဲဟူ၍ အကွဲ ၃ကွဲရှိလေသည်  ဘယ်ပုံစံကွဲမည်ကိုဆုံးဖြတ်ယူကြရလိမ့်မယ်  တနှစ်ပဲ ကွဲရမယ့်လူဟာ တနှစ်မပြည့်မချင်း လျောက်ပြီးလုပ် ပင်ပန်းမှာပဲ  အချို့လင်မယားများပြန်ပေါင်းရပုံမှာ တဖက် လူ က အသုံးမပြုချင်တော့မှ အိမ်ထောင်ဖက်ဆီပြန်လာကြတယ်  မိန်းမရယ်ယောက်ျားရယ်မဟုတ်ဘူးနော် လောကမှာ သစ္စာရှိသူ မရှိသူ တွဲနေမှာပဲ ဒီတော့ ကွဲကိန်းမရှိသူကို မရှိဘူးဟော ကိန်းသာမရှိပေမယ့် လက်တွေ့ကွဲနေပါတယ်ဆို ပြန်ကိုပေါင်းရပါတယ်။
ဆရာသိန်းထိုက်စံ
09790863376
09694083814
အလွန်အစွမ်းထက်သော အမြစ်အညွန့်ယတြာအသုံးချနည်း
Uni Code
  သင်ဘယ်အခက်အခဲထဲ ပါနေပြီလဲ? 
(၁)အမှုအခင်း ဖြစ်နေသူများ
(၂)အတိုက်အခံကြုံ၍ အခက်အခဲတွေ့နေသူများ
(၃)ကျန်းမာရေးအလွန်ညံ့၍ နလန်မထူသူများ
(၄)အလုပ်ပြုတ်တော့မလို ဖြစ်နေသူများ
(၅)မိမိက မပြောင်းရွှေ့လိုပဲ ပြောင်းရွှေ့ရန်အကြောင်းပေါ်နေသူများ
(၆)မိမိက ပြောင်းရွှေ့လိုသည်၊ ထွက်လိုသည်၊ ပြောင်းရွှေ့ခွင့်မရ ထွက်ခွင့်မရသူများ၊
(၇)ဘေးဥပါဒ်များသောနေရာသို့ သွားရန် ရှိနေသူများ
(၈)နိုင်ငံခြား ထွက်ရန်ကြိုပမ်းသော်လည်း အကြောင်းအမျိုးမျိုးနှင့် ထစ်ငေါ့နေသူများ။
(၉) စာမေးပွဲဖြေ/ရာထူးတိုးဖြေရန်ရှိသူများ
(၁၀)ဘယ်ကိစ္စမဆို မိမိကံအထောက်အပံ့ရလိုသော်
    ဒီယတြာကို ပြုလုပ်ပေးပါ---
#တနင်္ဂနွေသားသမီး များအတွက်  တနင်္ဂနွေနေ့မနက် ၉နာရီ ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော အင်္ဂါနေ့  မနက်၁၀ခွဲမှ၁၂နာရီအတွင်း   ဒန်းကြီးညွန့် ၂၅ညွန့်ကို  ပန်းအိုးနဲ့ပြင်၍ သောကြာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။ ဒါန်းကြီးမရပါက နှင်းဆီ သို့ ဒေါနပန်း ၁၀ပွင့်နဲ့ ကံ့ကော် သို့ ဂန္ဓမာ ၁၅ညွန့်ကို ရေးထိုးပေးပါ   ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ  
#တနင်္လာသားသမီးများ အတွက် တနင်္လာနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း   သြဇာညွန့် ၁၄ညွန့်ကို ပန်းအိုးနဲ့ပြင်၍  စနေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ  
#အင်္ဂါသားသမီးများ အတွက်  အင်္ဂါနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ကြာသပတေး မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း  ခရေ ၃၂ညွန့်ကို ပန်းအိုးနဲ့ပြင်၍ တနင်္ဂနွေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။  
#ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက် ဗုဒ္ဓဟူးမနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော  သောကြာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း စိန်ပန်း ၂၅ညွန့် ကို ပန်းအိုးနဲ့ပြင်၍ တနင်္လာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။
#ကြာသပတေး သားသမီးများအတွက် ကြာသပတေးနေ့  မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော စနေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း လောက်သေ ၃၈ညွန့်ကို  ပန်းအိုးနဲ့ပြင်၍ အင်္ဂါသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။  ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။
#သောကြာ သားသမီးများအတွက်  သောကြာနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္ဂနွေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း  ပိတောက် ၂၉ညွန့်ကို ပန်းအိုးနဲ့ပြင်၍ ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။ ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။ 
#စနေ သားသမီးများအတွက် စနေနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္လာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း သစ်အယ်ညွန့်၂၇ညွန့် သို့မဟုတ် သင်အူ ၂၇ညွန့်ကို ကြာသပတေး သားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။  ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ။
 #မှတ်ချက် ###  ဘုရားစင်တင်လှူထားသောပန်းအိုး ကို လုပ်သည့်နေ့မှစ၍ ၂၁ရက် မထိမကိုင်ရ နေရာပြောင်းရွှေ့ခြင်း ရေအသစ်လဲခြင်း မပြုလုပ်ပဲ ထားရမည်။  ကိုယ်စားလုပ်ပေးမည့်နေ့သားသည်  မိမိနဲ့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပတ်သက်သည့်နေ့သားအား ခေါ်ယူလုပ်ဆောင်နိုင်သည်။ မိမိ အခက်ခဲကို ပြေလည်စေကြောင်းဆုတောင်းရမည်။ လိုအပ်ရင် ထိုယတြာကို သုံးကြိမ်အထိလုပ်နိုင်သည်။ဘေးထွက်ဆိုးကျိုးမရှိသောကြောင့် ယုံကြည်စိတ်ချစွာပြုလုပ်နိုင်ပါသည်။
               ဆရာသိန်းထိုက်စံ    
 ဆန်းကျမ်းနှင့် နက္ခတ္တဗေဒ၊ ဝေဒသုတေသီ
   တားရော့နှင့် မြန်မာ့ရိုးရာဗေဒပညာရှင်
09790 863 376 /09 6940 83814
နေ့စဉ်ဗေဒင်နဲ့ပတ်သက်သမျှဖတ်ရှုလိုပါက Page အား  Like & Follow or See First လုပ်ထားပါ။
Zawgyi Code
               ဆရာသိန်းထိုက်စံ    
အိမ်ထောင်ရေးမေးသည့်ဇာတာရှင်များသတိပြုရန်
မိမိအိမ်ထောင်ဘက်သည် သို့မဟုတ် မိမိယူမည့်
အိမ်ထောင်ဘက်သည် ပထမအိမ်ထောင်
ဒုတိယအိမ်ထောင် တတိယအိမ်ထောင်စသည်ဖြင့်
ထိန်ချန်လျှို့ဝှက်ခြင်းမရှိပဲ ပြောပြမှသာ
 ဗေဒင်ဟောရာတွင် တိကျမှန်ကန်မည်ဖြစ်သည်။
နက္ခတ်ဇာတာတွင် ပထမအိမ်ထောင်ကို
 ၇တန့်ဘာဝဖြင့်ဆုံးဖြတ်ရသည်
ဒုတိယအိမ်ထောင်ကို ၉တန့် ဘာဝဖြင့်
 ဆုံးဖြတ်ရသည်။
သို့ဖြစ်၍ ဗေဒင်မေးသူသည် ရှက်ကြောက်အထင်သေးမည်စိုး၍ ဗေဒင်ဆရာအား မပြောပြခဲ့သော် မိမိထိုက်နဲ့မိမိကံသာဖြစ်ပါကြောင်း  သတိချပ်မိစေရန်
ရေးသားလိုက်သည်။
#သိန်းထိုက်စံ
09790863376
09694083814
Zaw Gyi
 ဆုံးဖြတ်ရသည်။
ရေးသားလိုက်သည်။
#သိန်းထိုက်စံ
09790863376
09694083814
Sunday, September 1, 2019
ဓါတ်ရိုက်ဓါတ်ဆင်ပြုလုပ်ရာတွင် မှတ်သားဖွယ်
#ဓါတ်ရိုက်ဓါတ်ဆင်ပြုလုပ်တဲ့အခါ မိမိတို့ကိစ္စအောင်မြင်သွားရင်  အဲ့ဒီ ဓါတ်ဆင်ထားသော အညွန့်တွေ အခက်တွေကို ပြန်ဖြုတ်စွန့်ပစ်ရပါမယ်  ဥပမာ - အိမ်မှာထွက်သွားသူအား လာစေလိုတဲ့ ယတြာဓါတ်ဆင်ပြီးတဲ့အခါ အနည်းဆုံး မလာမချင်း ၂၁ရက်အထိ ထားရပါမယ် ၂၁ရက်ကျော်လို့ မလာသေးရင် အသစ်ထပ်လုပ်ရမယ်။ ထို၂၁ရက်အတွက်ဖြစ်ဖြစ် ဓါတ်ဆင်ထားချိန် လာရင်ဖြစ်ဖြစ်  လာတာနဲ့ ပြန်ဖြုတ်စွန့်ပစ်ရပါမယ်…
 ကျန်းမာစေလိုတဲ့အခါ ဓါတ်ဆင်ရင် ကျန်းမာလာတာနဲ့ ပြန်ဖြုတ်စွန့်ပစ်ရပါတယ် အချို့သော ဓါတ်ဆင်ခြင်းများဟာ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ တစ်ခု လိုချင်တစ်ခုပေးဆပ်ရပါတယ် အာစရိယ သြဝါဒ အရ  ကျန်းမာချင်လို့ ဆပွတ်နဲ့ ခဏခဏ ယတြာချေတဲ့အခါ လာဘ်ပိတ်လာတတ်တယ်။  လာဘ်ရွှင်ချင်လို့ စတုရန်း နှစ်ထပ် ခဏခဏမှီဝဲတဲ့အခါ ကျန်းမာရေးညံ့လာတတ်ပါတယ်။ သို့ဖြစ်၍ အင်္ဂဝိဇ္ဇာနဲ့ ဓါတ်ဆင်ခြင်းဟာ ခဏခဏ မပြုလုပ်အပ်ပါ။ ဆရာတော်ကြီး ခင်ကြီးဖျော် ရေးသားခဲ့သော   နေ့ခင်းမြို့ရွာ  ယတြာစစ်ချီ ဆိုသော အမြစ်အညွန့် ကြိုးနဲ့ ပင်းယ ကြိုးအတိုင်းသာ  ထပ်တလဲလဲ ပြုလုပ်ခြင်း သင့်တော်ပါတယ်။ ဆရာအများစုဟာ ယတြာပေးရင် အမြစ်အညွန့် မပါမဖြစ်ပါပဲ  မိမိတို့ဉာဏ်ရှိသလို ကိစ္စရပ်များအလိုက် အမြစ်အညွန့်အား အိမ်ဘုရားတွင် သို့  အမြင့်တနေရာတွင် လှူဒါန်းခြင်း အမြစ်အညွန့်အသားဖြင့်  အဆောင်ရုပ်ထုလုပ်ဆောင်ထားခြင်းများ ပြုလုပ်ကြပါတယ်။
   မိမိဓါတ်ရိုက်ဓါတ်ဆင်မည့်  အခက်အလက် မသန့်စင်ခြင်း အခက်အလက်မှားယွင်းခြင်း အချိန်အခါမမှန်ခြင်း အရပ်မျက်နှာမမှန်ခြင်း ဓါတ်ဆင်ပေးသူနှင့် ပြုလုပ်မည့် နေ့သားသမီးသည် ဘာသာရေးမလုပ်ခြင်း ခင်ပွန်းကြီး ၁၀ပါးအနက် တပါးပါး ပြစ်မှားထားခြင်း  ဓါတ်ရိုက်ဓါတ်ဆင်ရာတွင် ရည်ညွှန်းချက်မရှိခြင်း ယုံကြည်မှု မရှိခြင်း  စသည့်များစွာအနက်  တစ်ခုခု လွဲချော်ပါက  ဓါတ်ရိုက်ဓါတ်ဆင် မစွမ်းပါ မအောင်မြင်ပါ။မအောင်မြင်တဲ့အပြင် ဓါတ်ခိုက်တတ်ပါသေးသည်။
စနစ်တကျ မသိပဲ စာအုပ်များဖတ်ရှုပြီး ပေါ့သေးသေး ရမ်းလုပ်ပါက ဆိုးကျိုးများ ဖြစ်ပွားစေတတ်ကြောင်း  တတ်သိသော ဆရာများထံမှ နည်းနာတောင်းခံ၍ စနစ်တကျ ပြုလုပ်သင့်ကြောင်း မီးမောင်းပြု ရေးသားလိုက်ရပေသည်။
#ဆရာသိန်းထိုက်စံ
ဝင်တိုင်းလည်းမကောင်း_ပေးတိုင်းလည်းမယူ_ကျွေးတိုင်းလည်းမစားအပ်
  ရှေးလူကြီးတွေပြောကြားခဲ့တဲ့စကားတွေဟာ  လွန်စွာ အသုံးဝင်နေကြောင်း ဗေဒင်ပညာတွင် တွေ့ရှိရသည်။အာစရိယ သြဝါဒအရ သက်ရောက်ဇာတာတွင်  ငွေနံကို အပါဒါနကပ်သော် မရှိရှိတာ ချရောင်းလိုက်လို့ဝင်တာ တခုကို စွန့်လွှတ်ပြီး ဆုံးရှုံးနစ်နာမှု ကြောင့် လျော်ကြေးရတာ လူသေလို့ကူငွေရတာမျိုး တခုခုဆုံးရှုံးပြီးမှ ရတဲ့ငွေဝင်ကိန်းမျိုးဖြစ်သည်။ 
 ငွေနံအားကမ္မ ကာရကကပ်ပြီး အမှတ်ဆိုးပါက ငွေသည် အလုပ်ကိစ္စကြောင့်ရခြင်း သူများပြဿနာကြောင့်ရခြင်း ရန်ဖြစ်ပြီးအကြွေးပြန်တောင်းယူရခြင်း ပြဿနာတစုံတရာရှင်းလင်းပြီးမှရခြင်း ငွေဝင်ပြီးမကြာမီ အိမ်တွင်းရေးရန်နှင့်ပြင်ပရန်များ ပေါ်လာစေခြင်းတို့ကိုဖြစ်စေသည် ကမ္မကာရကကပ်၍ ဝင်ခြင်းသည် ပြဿနာ အခက်အခဲ မကင်းသောဝင်ခြင်းဖြစ်သည်။ 
  ငွေနံအား အာလပ္ပန ကာရကကြောင့်ကပ်၍ အမှတ်ဆိုးပါက ပို၍ ပြင်းထန်ပါလိမ့်မည် ငွေဝင်ပြီးသေကုန်သူတွေ ထီပေါက်ပြီး ဝမ်းသာလုံးစို့သေသူတွေ ဤ နည်းဖြင့် စပ်ဆက်နေတယ် ငွေဝင်တိုင်းကောင်းတယ် မထင်လေနှင့် သတ်မဲ့ငွေ ဘဝပျက်မဲ့ငွေ အဲလိုဖြစ်ကြရသူတွေအများကြီးရှိပါသည်။ ထို့ကြောင့် ထီမထိုးသင့်သည့် နှစ်များလည်းရှိပါသည်။ 
  ထို့နောက် အလကားရတိုင်းမယူအပ်  နံများဖြစ်သည့် နိစ် ပြဋ္ဌာနများတွင်ရှိသော အတွဲများကို မယူအပ်  အခငွေဖြင့် ဝယ်ယူ၍ ရသော်လည်း သူတပါးမှ လက်ဆောင်ပေးသည့် ပစ္စည်း သည်  နိစ်ပြ ဋ္ဌာနမှာ အတွဲများဖြစ်ပါက ခိုက်တတ်ပါသည်။ ဥပမာ နိစ်ပြ ဋ္ဌာနတွင်  ၁၂ အတွဲ အကျၤ ီ လက်ဆောင်ရသော် အကြော်  အီကြာကွေး ပြန် လှူပေးရသည်။ သို့မဟုတ် စတိသဘော အနည်းငယ် ငွေပြန်ပေးရမည် ဝယ်ယူသည့်သဘောပင်။ 
  အစားအစာလည်း ထိုအတူပင် နိစ်ပြ ဋ္ဌာနတွင်ရှိသော အတွဲအစားအစာများအား မစားအပ်ပေ ဘေးဥပါဒ် သင့်တတ်ပေသည်။
  ထို့ကြောင့် ငွေဝင်တိုင်း  အလကားရတိုင်း ကောင်းတယ် မထင်ပါနှင့် မပျော်ပါနှင့် မိမိရောက်ရှိနေသော အသက်အပိုင်းအခြား သက်ရောက်ဆန်းဇာတာတွင် ကောင်းကျိုးဆိုးကျိုး ရှိပါသည်။ ယေဘုယျ အကြမ်းဖျဉ်း တွက်စစ်မရပါ တဦးချင်းဇာတာအလိုက် သီးသန့်တွက်စစ်မှသာ သိနိုင်မည် ဖြစ်သည်။ 
#သင်ဆရာအားဂါရဝပြုပါသည်။
             ဆရာသိန်းထိုက်စံ    
 ဆန်းကျမ်းနှင့် နက္ခတ္တဗေဒ၊ ဝေဒသုတေသီ
   တားရော့နှင့် မြန်မာ့ရိုးရာဗေဒပညာရှင်
09790 863 376 /09 6940 83814
ချစ်သူ ခိုင်မြဲစေသည့်နည်း
  အချစ်ကိုယ်စားပြုသော တနင်္လာနံ၏ သြကာသ ကာရက နံဖြစ်သော သောကြာနံ သော့ အားစီရင်ပြုလုပ်ရမည်ဖြစ်သည်။ မတူသော သော့ ခလောက် နှစ်ခုတွင် မိမိတို့နှစ်ဦး ၏ နာမည် အင်္ဂလိပ်လိုအတိုကောက်နှင့် မွေးနံကို ရေးရပါမယ်(မာကာ အနီဖြင့်ရေးပါ မောင်/မ မထည့်ရ) မွေးနံဟုဆိုရာတွင် တနင်္ဂနွေသားသမီးဆိုရင် ၁  တနင်္လာ ၂  အင်္ဂါ ၃  ဗုဒ္ဓဟူး ၄   ကြာသပတေး ၅   သောကြာ ၆  စနေ ၇ ရာဟု ၈  လို့ရေးပါ။ သော့ခလောမျက်နှာပြင်တဖက်တွင် နာမည် အင်္ဂလိပ်လိုအတိုကောက်ရေး တဖက်တွင်မွေးနံရေးပါ… 
  ဥပမာ တနင်္ဂနွေသားအောင်ကျော်မိုး ဆိုပါစို့
 တဖက်တွင် AKM   တဖက်တွင် ၁
  သော့ခလောက်ရွေးချယ်ရာတွင်  အကြီးအသေးခွဲရမည်။  အသက်အရွယ်ကို မကြည့်ရ လူပုံပန်းသဏ္ဍာန်ကို ကြည့်ရမည်  တစ်ယောက်က ပိုဝရင် ကြီးတဲ့သော့ခလောက်တွင် ဝတဲ့သူရဲ့ နာမည်နဲ့မွေးနံထည့်ပါ။ အားလုံးပြီးပါက သော့ ခလောက်တစ်ခုနှင့်တစ်ခု ခတ်လိုက်ရမည်။ ခတ်သောအချိန်တွင်စိတ်တွင်ရည်မှန်း၍ ငါတို့၂ဦး ဟောဒီသော့ခလောက်တွေလို့ ခိုင်မြဲသွားပြီလို့  ပြောပါ။ ထိုသော့ခလောက်နှစ်ခုအား သိမ်းဆည်းထားပါ။ အဆင်မပြေဖြစ်ပါက  သူ့ဘက်က သော့ခလောက်ပေါ်တွင် ဖယောင်းတိုင်အနီ ၆ရက်ထွန်းပေးရပါမယ်။ 
  ကံအထောက်အပံ့ရစေသောနည်းဖြစ်ပါသည်။ လောကတွင်ဖြစ်သင့်သည့် အချိန်တွင်ဖြစ်ပြီး ပျက်သည့်အချိန်တွင် ပြတ်စမြဲပင် ကျွန်ုပ်တို့သည် ကောက်ရိုးတစ်မျှင်မျှဆွဲလို့ရလျှင်ဖြင့် ဆွဲကြဦးမည် မဟုတ်တုံလော……