မွေးလ မွေးရက် မွေးနေ့ကို တစ်လုံးထဲရအောင်ပေါင်းပါ။ ဥပမာ ၁၇ ၃ ၁၉၉၈ ကို တစ်လုံးရအောင်ပေါင်းသော် နံပါတ် 2ရသည်။ အဲ့ဒီ 2ဂဏန်း တားရော့ကဒ်ကို မိမိပိုင်ကဒ်အဖြစ်မှတ်ယူပါ။ အခု ပြောပြပေးမှာက ဆောင်ရန်ရှောင်ရန် တွေနဲ့ အဟောတွေဖြစ်ပါတယ်
ပေါင်းခြင်း 2ရသော် ~ The High Priestess
Moon ဟုခေါ်သည့် လ စိုးမိုးသောကဒ်ပြားဖြစ်သည် ပုံတွင်သူတော်စင် အမျိုးသမီးသည် အိန္ဒြေလုံခြုံစွာဖြင့် ထိုင်လျက်ရှိသည်။
ဤကဒ်ပြား ပိုင်ရှင်များသည် ဖြစ်လာမည့် အတိတ်နိမိတ်များကို ကြိုတင်သိရှိနိုင်သော စွမ်းအားရှိသည်။ ဖြစ်ပေါ်မည့် အကြောင်းအရာများကို အိပ်မက်အသွင်မြင်မက်တတ်သည်။ တွေးလိုက် ထင်လိုက်ရင် ဒက်ခနဲမှန်နေတတ်သည်။ ဘာသာရေးများများလုပ်လေလေ ဆဋ္ဌမအာရုံနိုးကြားလေလေဖြစ်သည်။ ဤကဒ်ပြားပိုင်ရှင်တို့သည် သမာဓိစွမ်းအား ထူထောင်ပြီး သမထစွမ်းရည်ကို အမြဲ မြှင့်တင်ပေးရမည်။
ထိုသူများသည် အကြောင်းအရာ အတော်တော်များကို ဖုံးကွယ်နေထိုင်သည် မသိဟန် မတတ်ဟန်ဆောင်၍ တစ်စုံတစ်ဦးထံမှ စကားနှိုက် ပညာနှိုက်တတ်ကြသည်။ အနေအထိုင်ကျစ်လျစ်၏ လျှပ်ပေါ်လော်လီစွာ မနေတတ် အရှက်အကြောက်ကြီး၏ အေးဆေးစွာနေထိုင်လိုပြီး ရောင့်ရဲတင်းတိမ်တတ်ကြသည်။ အပူတပြင်း ရှာဖွေရမည့် ကိစ္စများကို အလေးထားခြင်းသိပ်မရှိကြ ဘဝကို stable ဖြစ်အောင်အမြဲနေထိုင်သည် ထိုကြောင့်ပင် ထွန်းထွန်းပေါက်ပေါက် အောင်မြင်ဖို့ရာ အခွင့်အလမ်းနည်းပါးတတ်ကြသည်။ဟန်ချက်ညီအောင် တခြားသူများနှင့် လိုက်လျောညီထွေမှုရှိအောင်နေတတ်သည်။ ငွေကြေးမျက်နှာ မကြည့်တတ်ကြ သူတပါးအား သနားလွယ်တတ် အယုံကြည်လွယ်တတ်ကြသည်။ မိခင်မေတ္တာသကဲ့သို့ လူများအပေါ် ခွင့်လွှတ်နိုင်စွမ်း ရှိကြသည် အညှိုးအတေး အာဃာတများ မထားတတ်ကြချေ။ တချို့မှာ မိမိအတွေးအခေါ်အယူအဆကိုလည်း ချပြတတ်ကြသည် ထိုသို့ချပြသည့်အခါ ဆန့်ကျင်သည်ဟုလည်း အကြိမ်ကြိမ် အထင်လွဲခံရလေ့ရှိသည်။ တစ်ဖက်သား လက်ခံလာနိုင် သိမ်းသွင်းပြောဆိုနိုင်ကြသည်။ စိတ်မြန်လက်မြန် လုပ်ရသည်ကို မကြိုက် အနည်းငယ် လေးဖင့်တတ်သည်။ လ ဂြိုလ်စိုးမိုးသောကြောင်း အေးဆေးတည်ငြိမ်စွာပင် အလုပ်လုပ်ကိုင်တတ်ကြသည် အေးတိအေးစက်နေတတ်ကြသည် မိမိအေးဆေးသလောက် မိသားစု ကဆူဆူပူပူရှိတတ်ကြသည် မိမိအယူအဆနဲ့ မိသားစု၏ အယူအဆများ ကွဲလွဲတတ်ကြသည် အပူတပြင်းလာရောက်ပြောဆိုသည်ကို လက်မခံတတ်ကြချေ။ ကိုယ့်မူ ကိုယ့်စည်းမျဉ်း ကိုယ့်ဥပဒေနှင့်သာ နေထိုင်တတ်ကြသည်။ အလွန်အမင်းသည်းခံတတ်သလောက် စိတ်တိုဒေါသထွက်လာပါက ဝုန်းဒိုင်းကျဲတတ်သော ဇာတာရှင်မျိုးဖြစ်ကြ၏။မိမိကို လမ်းညွှန်မှုပေးသောသူများ တွေ့ရသကဲ့သို့ မိမိကိုယ်တိုင်လည်း တခြားသူများအား ဗဟုသုတအကြောင်းအရာ များ အသိပညာအတတ်ပညာများကို ပြန်လည်ဝေငှတတ်သည်။ တာဝန်နဲ့ဝတ္တရားကိုအမြဲနားလည်တတ်သူများ ဖြစ်ကြသည်။ ပညာဉာဏ်ကြီးမားပြီး အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သည်။ ကဒ်၏ စရိုက်အရ အလွန်အေးဆေးတည်ငြိမ် ယဉ်ကျေးသော အမူအကျင့် နှင့် သီလသမာဓိအားကောင်းခြင်းတို့ကိုဖော်ပြထားသောကြောင့် ဆန့်ကျင်ဘက်ဖြစ်သော ရိုင်းစိုင်းခြင်း နှုတ်ထွက်စကားဆိုးခြင်း ကြမ်းခြင်း သီလ ဖောက်ပြားခြင်း စသည်တို့ကို မပြုအပ်ပေ။ တခြားသူများထက် ကုသိုလ် အကုသိုလ် အကျိုးပေးသည် ပိုမိုမြန်ဆန်တတ်သောသဘောရှိသည်။ မိမိကအေးဆေးသောကြောင့် ဖိနှိပ်ချင်သူများပြားတတ်သည်။
သူတော်စင်အမျိုးသမီးသည် တိုက်အဖြူရောင်(ကုသိုလ်) နှင့် တိုင်အမည်းရောင် (အကုသိုလ်)ကြားတွင် ထိုင်လျက်ရှိသောကြောင့် ကုသိုလ်ရော အကုသိုလ်ပါ ဖြစ်လွယ်သောသဘောရှိသည် လမ်းတကမ်းအလိုတွင်ပင် ဖြစ်ပျက်သွားနိုင်ချေရှိသည့်အတွက် အကုသိုလ်ဘက် အလေးမသာအောင် ကုသိုလ်များများနှင့်အစားထိုးနေထိုင်ရမည်။အချုပ်အားဖြင့်ဆိုသော် တည်ငြိမ်အေးဆေးစွာ ပြုမူနေထိုင်ပါ။ ကိုယ် စိတ် နှလုံး သုံးပါးကို မညစ်နွမ်းစေရန်သတိပြုပါ
။ ရောင့်ရဲတင်းတိမ်ခြင်း အဆင်ပြေသလို ဖြစ်သလို နေခြင်းကို လျှော့ပြီး အားထည့်ကြိုးစားပါ။ မိမိဘဝအတွက် အကြံပေး လမ်းညွှန်မှုပေးသူများ၏ စကားကို အလေးထားလိုက်နာဆောင်ရွက်မည်ဆိုပါက ထိပ်ဆုံးသို့ တက်လှမ်းရောက်ရှိသွားပြီး အထက်တန်းကျကျ ဘဝကို ဖြတ်သန်းနိုင်မည်ဖြစ်သည်။
#ဒီဖော်ပြချက်များနှင့်သင်တိုက်ဆိုင်ပါက like. cmtလေးရေး Share ပေးခဲ့ပါဦး
သင်သိသလို သူများလည်း သိပါစေ။